Connect with us

Economy

မဒေးကျွန်း ရေနံစိမ်း ပိုက်လိုင်းမှ နှစ်စဉ် ရေနံစိမ်း တန်ချိန် ၂၂ သန်းခန့် သယ်ဆောင်မည်

ရခိုင်ပြည်နယ် မဒေးကျွန်းရှိတရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းတွင် ရေနံတင်သဘောင်္အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မဒေးကျွန်းရှိတရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းတွင် ရေနံတင်သဘောင်္အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CNPC ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းသော ရခိုင်ပြည်နယ် မဒေးကျွန်း ရေနံစိမ်း ပိုက်လိုင်းမှ နှစ်စဉ် ရေနံစိမ်း တန်ချိန် ၂၂ သန်းခန့် သယ်ဆောင် မည် ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် မီဒီယာများတွင် ထုတ်ပြန် ထားသည်။

အဆိုပါ ရေနံစိမ်းတန်ချိန် ၂၂ သန်းကို တရုတ်နိုင်ငံနှင့် မြန်မာပြည်တွင်း သုံးစွဲမှုအတွက် ခွဲဝေပို့လွှတ်မည်ဖြစ်သည်။

မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းဖွင့်ပွဲနှင့် အရှေ့တောင် အာရှ ရေနံစိမ်းပိုက်လိုင်း ကနဦး လုပ်ငန်းများ စတင်ခြင်း အခမ်းအနား ကို ကျောက်ဖြူမြို့နယ် မဒေးကျွန်း တွင် ဇန်နဝါရီ ၃၀ ရက်နေ့က ကျင်းပခဲ့ရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ CNPC ဥက္ကဌ နှင့် အဖွဲ့များ တက်ရောက် ဖွင့်လှစ်ခဲ့ကြသည်။

ရေနံစိမ်း ပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒေးကျွန်း မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုကို ဖြတ်ပြီး မြန်မာနိုင်ငံနယ်စပ်ရှိ နမ့်ခမ်းမြို့အထိ အချင်း ၃၂ လက်မ၊ အရှည် ၇၇၁ ကီလိုမီတာခန့် ဆက်သွယ်ထားသည်။

မဒေးကျွန်း ရေနံတင် ဆိပ်ကမ်း စီမံကိန်းကို ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် လုပ်ငန်း ဆောင်ရွက်မှု ပြီးစီးခဲ့ပြီး ယင်းဆိပ်ကမ်းတွင် ရေနံစိမ်းတန်ချိန် ၃၀၀,၀၀၀ ဆံ့ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ကာ လုပ်ငန်းစီမံကိန်းကာလ သည် နှစ်ပေါင်း ၃၀ ရှိသည်။

မဒေးကျွန်း ရေနံဆိပ်ကမ်းနှင့် ရေနံစိမ်းပိုက်လိုင်း စီမံကိန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၄,၅၃၂ ဘီလီယံ ရင်းနှီးမတည် တည်ဆောက်ခဲ့ ပြီး နိုင်ငံတော် မှ ၁ ဒဿမ ၂၀၄ ဘီလီယံ ပါဝင်ခဲ့သည်။

ကျောက်ဖြူ ရေနံပိုက်လိုင်း စီမံကိန်းသည် မြန်မာ အစိုးရက ၄၉ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံက ၅၁ ရာခိုင်နှုန်း ပါဝင် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာအစိုးရအနေဖြင့် ရေနံပိုက်လိုင်း ဖြတ်သန်းခ နှင့် ရေနံစည်များ တင်ပို့မှုအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂၂ သန်း နှစ်စဉ် ရရှိမည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.