Connect with us

Politics

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်တို့ ပေကျင်းမြို့တွင် တွေ့ဆုံ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်တို့ ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမကြီး တွင် တွေ့ဆုံ ခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် စက်တင်ဘာလ ၄ ရက်နေ့တွင် တရုတ် နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမကြီး တွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ရှီကျင့်ဖိန်မှ မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေဖြင့် ပေကျင်း မြို့တွင် ကျင်းပသည့် တရုတ် နိုင်ငံ ဖက်ဆစ် ဂျပန် တော်လှန်ရေး နှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား အား တက်ရောက်ရန် တရုတ် နိုင်ငံ သို့ ရောက်ရှိခဲ့သည့် အတွက် တရုတ်-မြန်မာ ဆက်ဆံရေးအား အထူးအလေး ပေးသည်ကို ပေါ်လွင် စေခဲ့ကြောင်း ၊ ဒုတိယ ကမ္ဘာစစ် အတွင်း တရုတ် နိုင်ငံသည် ကမ္ဘာ့ အရှေ့ပိုင်း အဓိက စစ်မြေ ပြင်ဖြစ်ပြီး မြန်မာ နိုင်ငံသည်လည်း အာရှ ဒေသ၏ အဓိက စစ်မြေပြင် ဖြစ်ခဲ့ကြောင်း ၊ နှစ်နိုင်ငံလုံး အနေဖြင့် ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေး အောင်မြင်မှု အတွက် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ ခဲ့ရကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ယခု ပြုလုပ်သည့် အခမ်းအနားမှ သမိုင်း သင်ခန်း စာအား အမှတ်ရပြီး အာဇာနည်များအား အမှတ်တရ ဂုဏ်ပြု၍ ခက်ခဲစွာ ရယူနိုင် ခဲ့သည့် ငြိမ်းချမ်းမှုကို တန်းဖိုးထား ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန်မှ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ကာလ တစ်လျှောက်လုံး တစ်လှေ တည်းစီး တစ်ခရီး တည်းသွားသည့် အပြန်အလှန် ကူညီရိုင်းပင်း သည့် မိတ်ဆွေ အိမ်နီးချင်း နိုင်ငံ ဖြစ်ကြကြောင်း ၊ ယခု နှစ် ဧပြီ လ အတွင်း သမ္မတ ဦးသိန်းစိန် မှ တရုတ် နိုင်ငံသို့ လာရောက် လည်ပတ်စဉ်တွင် နှစ်နိုင်ငံ ပြည်သူ လူထု တို့၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီးအား ထောက်ခံအားပေးမှု အပေါ် ချီးမွမ်းကြောင်း ၊ မြန်မာ နိုင်ငံနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်မှု များပြုလုပ်ကာ မြန်မာ နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် ထိရောက်သော ဆောင်ရွက်မှု များလုပ် ဆောင်ပေး နိုင်ရန် မျှော်လင့်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် နယ်စပ်ဒေသ ပုံမှန် ကုန်သွယ်ရေး နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း များကို တိုးချဲ့ ဆောင်ရွက် သွားပြီး နှစ်နိုင်ငံ ပြည်သူ လူထု ပိုမို အကျိုးဖြစ်ထွန်း စေရန် ဆောင်ရွက် လိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ မြန်မာ နိုင်ငံ ရေဘေး ကာလ နောက်ပိုင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းတွင် ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် မှ တရုတ်နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ဖက်ဆစ် ဂျပန် တော်လှန်ရေး နှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား ကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ဒုတိယ ကမ္ဘာစစ် အတွင်း ကျူးကျော် တိုက်ခိုက်မှု ကို ခံခဲ့ရပြီး မြန်မာ ပြည်သူလူထု မှ တော်လှန်ရေး တိုက်ပွဲဝင် ခဲ့ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ အထိမ်းအမှတ် အခမ်းအနား ပွဲ တက်ရောက်ရန် ရောက်ရှိ လာရခြင်း မှာ တရုတ် နိုင်ငံ နှင့် အတူ ဤသမိုင်းဖြစ်ရပ် အား အမှတ်ရ စေရန်နှင့် မြန်မာ-တရုတ် ဆက်ဆံရေး အား အလေးထားမှုကို အများသိရှိစေရန် လာရောက်ခြင်း ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ကာလ တစ်လျှောက် လုံးတွင် မြန်မာ နိုင်ငံ အား အကြီးစား ကူညီ ထောက်ပံ့ အားပေးမှု များအတွက် ကျေးဇူးတင်ရှိကြောင်း ၊ အထူးသဖြင့် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွင် တရုတ် နိုင်ငံမှ အချိန်မှီ ကူညီကယ်ဆယ် ထောက်ပံ့မှု များအား ကျေးဇူး တင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ဆက်လက်၍ တရုတ် နိုင်ငံနှင့် အခြေခံ အဆောက် အဦး ကဏ္ဍတွင် အပြန်အလှန် ချိတ်ဆက် နိုင်ရန် နှင့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့် နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.