Connect with us

Politics

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဇန်နဝါရီ ၁၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်။ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ (ဇန်နဝါရီ ၁၇ ရက်) ညနေပိုင်းတွင် နေပြည်တော် သမ္မတအိမ်တော်၌ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

ခေါင်းဆောင် နှစ်ဦးတို့သည် ဇန်နဝါရီ ၁၈ ရက်တွင် တရုတ်-မြန်မာ ဆက်ဆံရေးကိစ္စရပ်များနှင့် အပြန်အလှန်သက်ဆိုင်သော ကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ဆွေးနွေးရန် သဘောတူခဲ့ကြသည်။သမ္မတရှီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခြင်းမပြုမီ မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်က အခမ်းအနား ဖြင့် ကြိုဆိုခဲ့ကြောင်းသိရသည်။သမ္မတရှီအား နေပြည်တော်ရှိ သမ္မတ အိမ်တော်မြက်ခင်းပြင်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခြင်း၊ ဂုဏ်ပြုသေနတ်ပစ်ဖောက်ခြင်းl တပ်မတော် စစ်တီးဝိုင်း က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် ဂုဏ်ပြုတီးခတ်ခြင်းများဖြင့် ကြိုဆိုခဲ့သည်။သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117