Connect with us

Politics

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် လက်ဆွဲနှုတ်ဆက် နေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် (Wei Fenghe) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့က ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်း အချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝေဘုန်းဟယ် က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဝန်ကြီးချုပ် လီခဲ့ချန် တို့မှ မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ခင်မင်ရင်းနှီးစွာ မေးမြန်းမှု ကို တစ်ဆင့်ပြောကြားပေးခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ လည်း ခင်မင်ရင်းနှီးစွာ ပြန်လည် မေးမြန်း ခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-တရုတ် နှစ်နိုင်ငံသည် ချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်း နိုင်ငံဖြစ်ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေးမှာ ရှည်လျားသည့် သမိုင်းအစဉ်အလာ တည်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ သမ္မတ၏ ဦးဆောင်မှုဖြင့် ရရှိခဲ့သည့် ထူးချွန်သည့် အောင်မြင်မှုများကို ချီးမွမ်း ပြီး တရုတ် နိုင်ငံ၏ ကာလတစ်လျှောက် မြန်မာ နိုင်ငံ စီးပွားရေး တည်ဆောက်မှု နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအပေါ် ခိုင်မြဲစွာ ထောက်ခံအားပေးခြင်းအား ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ နှင့် အနီးကပ် ဆက်ဆံရေးထားရှိကာ ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားလိုကြောင်း ၊ နယ်စပ်တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ ထိန်းသိမ်းဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်သည့် ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်နေခြင်း ကို ထိန်းသိမ်းသွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် တွေ့ဆုံဆွေးနွေးနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင်၊ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် လက်ဆွဲနှုတ်ဆက် နေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် တွေ့ဆုံဆွေးနွေးနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် အား ဇေယျာသီရိဗိမာန် ရှေ့တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် အား ဇေယျာသီရိဗိမာန် ရှေ့တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် အား ဇေယျာသီရိဗိမာန် ရှေ့တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် က တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေခြင်း ထိစပ်နေပြီး နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး တည်ရှိကြောင်း ၊ လတ်တလော နှစ်ပိုင်းတွင် နှစ်နိုင်ငံခေါင်းဆောင်တို့၏ တွန်းအားပေး ဆောင်ရွက်မှုကြောင့် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး မှာ လွန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံနှင့် အတူတကွ မဟာဗျူဟာ အရ အပြန်အလှန် ယုံကြည်မှု ကို တိုးမြှင့်အောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ အဓိက အကျိုးစီးပွား နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ တွင် ဆက်လက်၍ အပြန်အလှန် ခိုင်မြဲစွာ ထောက်ခံအားပေး သွားကာ နှစ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ ပူးပေါင်းတည်ဆောက်ရေး တွင် အောင်မြင်မှုများစွာ ရရှိအောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်ဆောင်ရွက်သွားပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းသွားကာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်မှု အသစ် များ ပြုလုပ်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် (Wei Fenghe) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်း အချိန်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် တွင် မြန်မာ နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် တွင် တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ က နေပြည်တော် ရှိ သူရဲကောင်း စစ်သည် ဗိမာန် သို့ သွားရောက် ခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် (Wei Fenghe) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ နှင့် အတူတကွ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် မြန်မာ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း တို့က အတူတကွ လိုက်ပါခဲ့ကြကြောင်း သိရှိရသည်။ (Xinhua)