Connect with us

Politics

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့တွေ့ဆုံ

တရုတ် နှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးတို့ တွေ့ဆုံ ဆွေးနွေးမှု အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ဧပြီလ ၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံး၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံမှု အပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက မြန်မာနိုင်ငံ၏ ရိုးရာ နှစ်သစ်ကူး အချိန်အခါတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ လာရောက် လည်ပတ်ခွင့် ရသည့်အတွက် ဝမ်းသာပါကြောင်း ၊ ယခု လည်ပတ်မှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ၊ နှစ်နိုင်ငံ ပြည်သူလူထု အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပြသနေပါကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်လက် မြှင့်တင်ရန် ဆန္ဒ ရှိကြောင်း ၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပေါ် ထားရှိသည့် ချစ်ကြည်ရေး မူဝါဒကို အင်မတန် အလေးထားပါကြောင်း ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်ဆံရေးသည် မြန်မာအစိုးရသစ် လက်ထက်တွင် ပိုမို ဖွံ့ဖြိုး တိုးတက်လာကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ချစ်ကြည်ရေး မူဝါဒသည် ပြောင်းလဲမှု မရှိဘဲ တည်ငြိမ်စွာဖြင့် ရေရှည် စဉ်ဆက်မပြတ် ဖြစ်နိုင်သော ချစ်ကြည်ရေး ဖြစ်ကြောင်း ၊ ယခု ခေတ်သစ် ကာလတွင် နှစ်နိုင်ငံ ဆက်ဆံရေး ဆက်လက် မြှင့်တင်ရန်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တွေ့ဆုံမှု အပြီး ပြည်တွင်း ၊ ပြည်ပ သတင်း မီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။

တရုတ် နှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးတို့ တွေ့ဆုံ ဆွေးနွေးမှု အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးကို ကြိုဆိုနိုင်ခဲ့သည့် အတွက် အင်မတန်မှ ဝမ်းသာပါကြောင်း ၊ အစိုးရ သက်တမ်း တစ်ပတ်ခန့်သာ ရှိသေးသည့် အချိန်ကာလအတွင်း ယခုကဲ့သို့လာရောက် လည်ပတ်ခြင်းသည် နိုင်ငံများ အကြား ရှိသော ချစ်ကြည်ရေးကို ဖော်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆပါကြောင်း ၊ အိမ်နီးချင်း နိုင်ငံ ဖြစ်သည်နှင့် အမျှ မိမိတို့၏ ဆက်ဆံရေးသည် အင်မတန်မှ အရေးကြီးပြီး နိုင်ငံရေး အရသာမက လူမှုရေး အရ ၊ စီးပွားရေး အရ များစွာ အရေးပါကြောင်း ၊ ထိုအရေးကြီးမှုကို တရုတ်နိုင်ငံ အနေဖြင့် အသိအမှတ်ပြုသည်ဟု မြင်ပါကြောင်း ၊ မိမိတို့အစိုးရ၏ နိုင်ငံခြားရေး မူဝါဒ အရ တစ်ကမ္ဘာလုံးနှင့် ခင်မင်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း ၊ တစ်ကမ္ဘာလုံးနှင့် ခင်မင် ရင်းနှီးစွာ ငြိမ်းချမ်းရေး အတွက် ၊ လူသားများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်ရာတွင် အိမ်နီးချင်း နိုင်ငံများမှလည်း ပါဝင်၍ အတူ လက်တွဲပြီး ဆောင်ရွက်မည်ဟု ယုံကြည်ပြီး ယင်းယုံကြည်ချက်အရ တရုတ်နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာနိုင်ငံသို့လာရောက် ဂုဏ်ပြုပြီး အစိုးရကို ကောင်းသောဆုများ တောင်းပေးသည့် အတွက် အင်မတန်မှ ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ် နှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးတို့ တွေ့ဆုံ ဆွေးနွေးမှု အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ထို့နောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့က တွေ့ဆုံမှုအပေါ် ပြည်တွင်း ၊ ပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)