Connect with us

Politics

ရန်ကုန်တိုင်း ဒေသကြီး အတွင်း လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး နှင့် မှုခင်းကြိုတင် ကာကွယ်ရေး အတွက် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ငွေကျပ် ၂၉၅ သိန်း တန်ဖိုးရှိ ပစ္စည်းများ လှူဒါန်း

တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် မှ မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အတွင်း လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး နှင့် မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ငွေကျပ် သိန်း ၁၆၀ တန်ဖိုးရှိ စက်ဘီး အစီး (၁၀၀) ၊ ငွေကျပ် သိန်း ၁၃၅ တန်ဖိုးရှိ HYT အထိုင်စက် (၇) လုံး နှင့် လက်ကိုင် စကားပြောစက် (၁၃) လုံး စုစုပေါင်း ငွေကျပ် တန်ဖိုး ၂၉၅ သိန်းရှိ ပစ္စည်းများ ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံသို့ ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး ခန်းမ(၁) တွင် ပေးအပ် လှူဒါန်းပွဲ တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်းအနား သို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိများ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ တရုတ် နိုင်ငံ သံရုံး အရာရှိများ ၊ တရုတ် နိုင်ငံ သံရုံး သက်ဆိုင်ရာ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံသို့ ရဲလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းနိုင် ၊ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့အရာရှိများ ၊ သံရုံး တာဝန်ရှိသူများ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဝင်းနိုင် နှင့် တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် တို့ လှူဒါန်းသည့် စက်ဘီးများ စီးနင်းကာ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပေးအပ် လှူဒါန်းခဲ့သည့် စက်ဘီးများကို ရဲတပ်ဖွဲ့ဝင်များ စီးနင်းနေသည့်ကို တွေ့ရစဉ် (ဆင်ဟွာ)

အခမ်းအနားတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် မှ အဖွင့် အမှာစကား ပြောကြားရာတွင် ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ ဒေသတွင်း လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး နှင့် မှုခင်းပိုင်း ကျဆင်းရေး လုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ယခု ကဲ့သို့ လိုအပ် သည့် ပစ္စည်းများ ကို လာရောက် လှူဒါန်းပေး သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သည် အိမ်နီးချင်း နိုင်ငံ များဖြစ်ကြပြီး ချစ်ကြည်ရင်းနှီးပေါင်းဖက် ဆောင်ရွက်ခဲ့သည် မှာ နှစ်ပေါင်း ကြာရှည်ခဲ့ပြီးဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အစိုးရ အဆက်ဆက် မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းသည် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အပံ့ တစ်ခုဖြစ်စေခဲ့ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ရဲတပ်ဖွဲ့များ အနေဖြင့်လည်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ် ခဲ့ကြောင်း ၊ ယခု ကဲ့တို့ လိုအပ်လျက် ရှိသော ပစ္စည်းများကို လာရောက်လှူဒါန်းပေးသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ လှူဒါန်းရခြင်း ၏ ရည်ရွယ်ချက် နှင့် ပတ်သက်၍ ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး နှင့် မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အားပေးထောက်ခံလိုခြင်းကြောင့် ယခုကဲ့သို့လှူဒါန် ခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံ များဖြစ်ပြီး နှစ်နိုင်ငံ လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး ဌာနအကြား ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ၏ တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာ စွမ်းဆောင်ရည် တိုးမြှင့်ခြင်း ကို အားပေးထောက်ခံလျက်ရှိပြီး မြန်မာ နိုင်ငံ ၏ လိုအပ်ချက်အရ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ကို အကူအညီများ ပေးအပ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လှူဒါန်းပွဲ အခမ်းအနား အပြီး တွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဝင်းနိုင် ၊ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့အရာရှိများ ၊ သံရုံး တာဝန်ရှိသူများ နှင့် ရဲဝန်ထမ်း တို့မှ ပေးအပ် လှူဒါန်းခဲ့သည့် စက်ဘီးများကို စီးနင်းခဲ့ကာ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူး ခဲ့ကြသည်။ (Xinhua)