Connect with us

Social

မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ ပထမဦးဆုံး ပူးပေါင်း၍ “ပုဂံရတနာသိုက်” ရုပ်ရှင် ရိုက်ကူးမည်


ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ ပထမဦးဆုံး ပူးပေါင်း ရိုက်ကူးမည့် ပုဂံ ရတနာသိုက် ရုပ်ရှင် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားအား ယနေ့တွင် ရန်ကုန်မြို ့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ခံ လီရှောင်ယန် (Li Xiaoyan)က ယခုကျင်းပသည့် ရုပ်ရှင် သတင်းစာ ရှင်းလင်းပွဲ က တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုဌာန ၊ ရုပ်မြင်သံကြားဌာနများ ၊ ရုပ်ရှင်လုပ်ငန်း၏ တွန်းအားပေး ဆောင်ရွက်သည့် ရလဒ်ဖြစ်ကြောင်း ၊ ပုဂံရတနာသိုက် ရုပ်ရှင်သည် တရုတ်-မြန်မာနှစ်နိုင်ငံ ကုမ္ပဏီလေးခု အတူ လက်တွဲကာ မြန်မာနိုင်ငံတွင် ရိုက်ကူးသွားမည်ဖြစ်ပြီး တရုတ် နိုင်ငံနှင့် တစ်ကမ္ဘာလုံးကို မိတ်ဆက် ပြသ သွားမည် ဖြစ်ရာ မြန်မာခရီးသွားလုပ်ငန်းနှင့်ရင်းနှီးမြုပ်နှံမှု ဖွံ့ဖြိုးရေးအတွက် တွန်းအားဖြစ်စေမည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ခံ လီရှောင်ယန် က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ပြန်ကြားရေး ဝန်ကြီးဌာန ၊ မြန်မာ့ ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ပြန်ကြားရေး ဝန်ကြီးဌာန ၊ မြန်မာ့ ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ယခုကဲ့သို့ရုပ်ရှင် ဇတ်ကား ပူးပေါင်း ရိုက်ကူးခြင်း အားဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အပြင် ပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု အတိုင်းအတာများအား ပိုမို ကောင်းမွန် လာမည်ဟု မျှော်လင့်ကြောင်း ၊ ထို့အပြင် နိုင်ငံတကာမှ ရိုက်ကူးရေးများ ပိုမို ရောက်ရှိလာရန် ရည်ရွယ် ဆောင်ရွက်လျက် ရှိကြောင်း ရုပ်ရှင် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာ တာဝန်ခံ ဖြစ်သူ ဒေါက်တာ ဒေါ်ယဉ်ယဉ်မေ(Ms.Shi Ying) က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ပုဂံရတနာသိုက် ရုပ်ရှင် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာ တာဝန်ခံ ဖြစ်သူ ဒေါက်တာ ဒေါ်ယဉ်ယဉ်မေ(Ms.Shi Ying) ကလည်း ပုဂံ ရတနာသိုက် ရုပ်ရှင် အကြောင်းအရာများ နှင့် စပ်လျဉ်း၍လည်း အခမ်းအနားတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ပုဂံ ရတနာသိုက် ရုပ်ရှင်ဇာတ်လမ်းအကျဉ်းမှာ တရုတ်လူငယ်တစ်ဦး မြန်မာနိုင်ငံ၌ ရတနာသိုက် များ လာရောက် ရှာဖွေချိန်တွင် မြန်မာနှင့်တရုတ်လူငယ်များ အတူတကွရင်ဆိုင်ရသည့် ဟာသဇာတ် ၊ စိတ်လှုပ်ရှားရသည့် အတွေ့ အကြုံ များကို ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံ ရတနာသိုက် ရုပ်ရှင် စီစဉ် ရိုက်ကူးရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက် မည့် ကမ္ဘာလှည့် ခရီးသွား လူဦးရေ တိုးပွား လာစေရန် နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပိုမို ခိုင်မာလာစေရန် ရည်ရွယ်ကြောင်း ၊ တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထူထောင်ခြင်း ၂၀၂၀ ခုနှစ်တွင် နှစ် ၇ဝ ပြည့် အထိမ်း အမှတ် နှင့် ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အတွက် ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်အား ပေကျင်းမြို့၌ ကျင်းပခြင်းကို ဂုဏ်ပြု ကြိုဆို သောအားဖြင့် ရိုက်ကူးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်သည် ” Lost in Thailand ” နမူနာ ပုံစံ မြန်မာဇာတ်ကား ဖြစ်ကာ ခြောက်လခန့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံတွင် စတင်ရိုက်ကူး တော့မည်ဖြစ်ကြောင်း သိရသည်။

” ပုဂံရတနာသိုက် ” ရုပ်ရှင် သည် မြန်မာနိုင်ငံ Brave Empire Entertainment နှင့် တရုတ်နိုင်ငံ Beijing Trawind Division ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်ရိုက်ကူးမည့် ဇာတ်လမ်း ဖြစ်ပြီး Beijing Good Fortune Capital နှင့် Myanmar International Travel Asia ကုမ္ပဏီတို့၏ အားပေးထောက်ခံမှု များကိုလည်း ရရှိထားကြောင်း သိရသည်။

တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းစီစဉ်သော ရုပ်ရှင်ဇာတ်ကားကို နှစ်နိုင်ငံသရုပ်ဆောင်များအတူ ရိုက်ကူး သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် အခြားအရှေ့တောင် အာရှနိုင်ငံနှင့်ဒေသများတွင် ရုံတင် ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ပုဂံရတနာသိုက် ရုပ်ရှင် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင် နိုင်းနိုင်း၊ ဟောင်ကောင် ဝါရင့် သရုပ်ဆောင် Billy Lau ၊ တရုတ်နိုင်ငံ သရုပ်ဆောင်သစ် Anqi Fu-He တို့ အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117