Connect with us

Social

တရုတ် နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း ပုဂံသို့လာရောက် လည်ပတ်ခြင်း ၅၈ နှစ်ပြည့် အထိမ်းအမှတ် တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှုများ ပြုလုပ်

တရုတ် နိုင်ငံ ၀န်ကြီးချုပ် ချူအင်လိုင်း ပုဂံသို့ လာရောက် လည်ပတ်ခြင်း ၅၈ နှစ်ပြည့် အထိမ်းအမှတ် တရုတ် - မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ပုဂံ ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း ပုဂံသို့လာရောက် လည်ပတ်ခြင်း ၅၈ နှစ်ပြည့် အထိမ်းအမှတ် တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းပွဲ အခမ်းအနားအား ယနေ့ဇန်နဝါရီ ၈ ရက်တွင် ပုဂံ ရွှေစည်းခုံ စေတီတော်ရှိ ချူအင်လိုင်း တန်ဆောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က “ကျွန်တော်တို့က ချူအင်လိုင်းတန်ဆောင်းမှာ ဝန်ကြီးချုပ် ချူအင်လိုင်း ပုဂံသို့ လာရောက်လည်ပတ်ခြင်း (၅၈) နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ရခြင်းမှာ ဝန်ကြီးချုပ် ချူအင်လိုင်းရဲ့ ပြည်သူ့ ဗဟိုပြု အတွေးအခေါ်ကို အမွေဆက်ခံပြီးတရုတ်-မြန်မာအစဉ်အလာကြီးမားတဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြန့်ပွားစေဖို့ပဲ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ချူအင်လိုင်းတန်ဆောင်းသည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု၏ ကြားခံပေါင်းကူးတံတားဖြစ်ပြီး တရုတ် – မြန်မာ ချစ်ကြည်ရင်းနှီးမှု၏ အမှတ်သင်္ကေတဖြစ်ကာ နှစ်နိုင်ငံမှ ခေတ်အဆက်ဆက် နောင်လာနောင်သားများ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဖော်ဆောင်ခြင်း၏ အင်အားအရင်းအမြစ်လည်း ဖြစ်ကြောင်း ၊ မိမိတို့သည် တန်ဆောင်းကို ကောင်းမွန်စွာ ထိန်းသိမ်းအသုံးပြုရမည် ဖြစ်ကြောင်း ၊ နှစ်စဉ် ဤနေ့ရက် ရောက်တိုင်း ဤ နေရာတွင် ယခုကဲ့သို့အထိမ်းအမှတ်အခမ်းအနားကျင်းပရင်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုခေတ်အဆက်ဆက်လက်ဆင့်ကမ်းပြီးစဉ်ဆက်မပြတ်ပြန့်ပွားအောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက တရုတ် နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ချူအင်လိုင်း၏ ကြိုးပမ်းမှုကြောင့် မြန်မာ-တရုတ် ချစ်ကြည်ရေးကို ၁၉၄၉-၅၀ ခုနှစ်ခန့်ကတည်းက စတင် တည်ထောင်နိုင်ခဲ့ကြောင်း ၊ ချစ်ကြည် ခိုင်မာသည့် မြန်မာ-တရုတ် နယ်နမိတ်ကိုလည်း တိုင်းတာ သတ်မှတ် နိုင်ခဲ့ကြောင်း ၊ မြန်မာနိုင်ငံသို့၉ ကြိမ် ချစ်ကြည်ရေး ခရီး လာရောက် လည်ပတ်ခဲ့ခြင်းကြောင့် မြန်မာ ပြည်သူများ အနေဖြင့် မစ္စတာ ချူအင်လိုင်းကို မြန်မာ ခေါင်းဆောင် တစ်ယောက် ကဲ့သို့ချစ်ခင်လေးစားကြောင်း ၊ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေးသည် ကမ္ဘာ တည်သရွေ့တည်တံ့နေမည် ဖြစ်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က နုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဆင်ဟွာ)

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က တရုတ် နိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရေး တွင် နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ၏ အရေးပါသည့် ဆောင်ရွက်ချက်များ ၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် ဖြစ်ပေါ်လာပုံ အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပြီး အနာဂတ် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ချမှတ်ထားသည့် သန္နိဋ္ဌာန်အတိုင်း ဆက်လက် ဆောင်ရွက်ပေးကြပါရန် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း ပုဂံသို့လာရောက် လည်ပတ်ခြင်း ၅၈ နှစ်ပြည့် အထိမ်းအမှတ် တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှုများအဖြစ် အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန် ၊ ဆီ ၊ ဆေးဝါးများ ပါဝင်သည့် ပစ္စည်းများအား ရပ်ကွက် ၊ အဖွဲ့အစည်း စုစုပေါင်း ၁၅ ခုမှ လူဦးရေ အယောက် ၁၀၀ အား တစ်ဦးလျှင် ကျပ် ၁ သိန်းခွဲ တန်ဖိုးရှိ ပစ္စည်းများအား ပေးအပ် လှူဒါန်းခဲ့သည်။

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့အတူ လှူဒါန်း ပစ္စည်းများ လက်ခံ ရရှိသူများ ကိုယ်စား အမှတ်(၆) ရပ်ကွက်မှ ဒေါ်တင်တင်အေးက ယခုကဲ့သို့တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ပစ္စည်းများ လာရောက် ထောက်ပံ့သည့် အတွက် ကျေးဇူး တင်ရှိပါကြောင်း ၊ အထူးသဖြင့် ရေမြေခြားသော်လည်း စာနာကူညီပေးသည့် စေတနာ အတွက် အထူးပင် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှု အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း ပုဂံသို့လာရောက် လည်ပတ်ခြင်း ၅၈ နှစ်ပြည့် အထိမ်းအမှတ် တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း၊ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့၊ မြန်မာပြည်ဘွားတရုတ်မျိုးနွယ်ဖေါင်ဒေးရှင်း တို့မှ တာန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှု မြင်ကွင်းများ(ဆင်ဟွာ)

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှု မြင်ကွင်းများ(ဆင်ဟွာ)

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှု မြင်ကွင်းများ(ဆင်ဟွာ)

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှု မြင်ကွင်းများ(ဆင်ဟွာ)

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတ လှူဒါန်းမှု မြင်ကွင်းများ(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းသည် သက်ရှိထင်ရှား ရှိနေစဉ် အတွင်း မြန်မာနိုင်ငံသို့၉ ကြိမ်တိုင် လာရောက် လည်ပတ်ခဲ့ပြီး တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေး အတွက် သမိုင်းဝင် အကျိုးဆောင်နိုင်ခဲ့ကြောင်း ၊ ၎င်း၏ တွန်းအားပေးမှုအောက်တွင် မြန်မာနိုင်ငံသည် တရုတ် နိုင်ငံသစ် နှင့် သံတမန် ဆက်ဆံရေး အစောဆုံး ထူထောင်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး တရုတ်နိုင်ငံသစ် နှင့် ကုန်းမြေနယ်နိမိတ်စာချုပ်ချုပ်ဆိုသည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။၁၉၆၁ ခုနှစ် ၊ ဇန်နဝါရီလ ၈ ရက်တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းသည် ပုဂံသို့ လာရောက်လည်ပတ်ခဲ့ပြီး မြန်မာပြည်သူများ ရွှေစည်းခုံစေတီတော်ကိုလာရောက်ဖူးမျှော်သည့် အခါတွင် အပန်းဖြေ အနားယူနိုင်ရန် တန်ဆောင်းအား ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။(Xinhua)