Connect with us

Social

ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ဂေဟာ(နေပြည်တော်) ဆောက်လုပ်ရေး အတွက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ လှူဒါန်း

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး၏ လှူဒါန်းမှု အပေါ် ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ဂေဟာ(နေပြည်တော်) ဆောက်လုပ်ရေး အတွက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ ငွေကျပ် သိန်း ၁၀၀ အား ထည့်ဝင် လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် (Ms.Wang Xuehong)က လက်ခံ ရယူခဲ့ကြောင်း သိရသည်။

ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ဂေဟာ(နေပြည်တော်) ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးအောင်က အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

တိုင်းရင်းသား ပွဲတော် ဖြစ်သည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော် နောက်ဆုံးနေ့တွင် ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ အလှူရှင် ဂုဏ်ပြုပွဲ နှင့် ဂီတပွဲတော် ကျင်းပရာတွင် လှူဒါန်းမှုများအပေါ်အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း က အသင်းအကြောင်း မိတ်ဆက် ပြောကြားစဉ်(ဆင်ဟွာ)

ထိုဂုဏ်ပြုမှတ်တမ်းလွှာများ ကိုမစ္စ ဝမ်ရွှဲဟုန် သို့ ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ဂေဟာ(နေပြည်တော်) ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ပေးအပ်ခဲ့သည်။ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ရင်ခွင်မဲ့ ကလေးများ အတွက် လှူဒါန်းပေးခြင်း ၊ ရင်းနှီးမြှုပ်နှံပေးခြင်းသည် အလွန် အကျိုးအမြတ်များသည့် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း ၊ ယနေ့အလှူရှင်များ၏ လှူဒါန်းမှု တစ်နည်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုသည် ကလေးငယ်များ၏ အနာဂတ် တစ်ဘဝလုံး အတွက် သာမက ကြီးပြင်း လာပြီ ဖြစ်သည့် ကလေးငယ်များ၏ အနာဂတ် နိုင်ငံတော် အတွက် အလွန်ကို အကျိုးများစေမည် ဖြစ်ကြောင်း ဂုဏ်ပြုပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ အလှူရှင် ဂုဏ်ပြုပွဲ နှင့် ဂီတပွဲတော် မြင်ကွင်း(ဆင်ဟွာ)

ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရန် ဂေဟာ(နေပြည်တော်)အား ဆောက်လုပ်ရန် မြေနေရာ ရရှိထားပြီး ကလေး ၁၀၀ ခန့်ဆန့်သော သုံးထပ် အဆောက်အဦ ကို ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ပြီး နှစ်ကုန်တွင် ပြီးစီးရန် ရည်မှန်း ထားကြောင်း ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက ပြောကြားခဲ့သည်။

ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ အလှူရှင် ဂုဏ်ပြုပွဲ နှင့် ဂီတပွဲတော် မြင်ကွင်း(ဆင်ဟွာ)

ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ အလှူရှင် ဂုဏ်ပြုပွဲ နှင့် ဂီတပွဲတော် မြင်ကွင်း(ဆင်ဟွာ)

အလှူရှင် ဂုဏ်ပြုပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာ ရွှေလွှမ်း နှင့် တာဝန်ရှိသူများ အပါအဝင် အလှူရှင်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ရင်ခွင်မဲ့ ကလေးငယ် များ လျှော့ချရေး နှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း(မြန်မာ)၏ အလှူရှင် ဂုဏ်ပြုပွဲ နှင့် ဂီတပွဲတော်တွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း နှင့် လေလံတင် ရောင်းချမှု အစီအစဉ်များ အပါအဝင် တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေမှုများလည်း ထည့်သွင်း ကျင်းပခဲ့သည်။(Xinhua)