Connect with us

CPPCC

၁၉ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက် အစီရင်ခံစာကို တရုတ် ၊ အင်္ဂလိပ် ဘာသာများဖြင့် ထုတ်ဝေမည်

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁ ရက်(ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားကွန်ဂရက်၌ ပြောကြားခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဖြစ်သူ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အစီရင်ခံစာ မိန့်ခွန်းမှ ကောက်နုတ်ချက်များကို ပြည်တွင်း ပြည်ပ ၌ တရုတ် ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ၎င်းအစီရင်ခံစာကို “ အားလုံးက လေးစားရသော အစွန်းနှစ်ဖက်ကင်းလွတ်စွာဖြင့် စည်ပင်ဝပြောသည့် လူမှုအသိုင်းအဝိုင်းတစ်ခု အောင်မြင်စွာ တည်ဆောက်ရန် နှင့် ခေတ်သစ်တစ်ခုအတွက် တရုတ်လူမျိုးတို့၏သွင်ပြင်လက္ခဏာများနှင့်အတူ ဆိုရှယ်လစ်နစ်၏ ကြီးမားသော အောင်မြင်မှုများအတွက် တိုက်ပွဲဝင်သွားရန်” ဟူ၍ အမည်ပေးထားသည်။

အဆိုပါ စာအုပ်ကို တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ စာအုပ်ထုတ်ဝေရေးဌာန ဆင်ဟွာသတင်းအေဂျင်စီ နှင့် တရုတ် နိုင်ငံခြားဘာသာစကားထုတ်ဝေရေး စီမံခန့်ခွဲမှုဌာနမှ ထုတ်ဝေသွားမည်ဖြစ်ပြီး နိုင်ငံခြားဘာသာသတင်းဌာနမှ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းစာအုပ်တွင် သမိုင်းဝင်စွမ်းဆောင်ချက် အခန်း ၁၆ ခန်း နှင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး မျက်မြင်ကိုယ်တွေ့များ ၊ အရေးကြီးသော စဉ်းစားတွေးခေါ်မှုများ ၊ အမြင်များ ၊ ဆုံးဖြတ်ချက် နှင့် ၁၉ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက် သို့ရှေးရှုဆောင်ရွက်ချက်များအပါအဝင် ၁၈ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက် ကတည်းက ဆောင်ရွက်ခဲ့သော ဆိုရှယ်လစ်ခေတ်သစ် နှင့် တံခါးဖွင့်ခြင်းဆိုင်ရာများ ပါဝင်ကြောင်း သိရသည်။

အဆိုပါကြိုးပမ်းချက်များသည် အစီရင်ခံစာဖတ်ရှုသူများအား ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီအမျိုးသားကွန်ဂရက်၏ ပြင်းပြသော စိတ်ဆန္ဒကို နက်ရှိုင်းစွာ နားလည်သဘောပေါက်စေမှာ ဖြစ်သလို ပြည်တွင်း နှင့် ပြည်ပ မူဝါဒရေးရာများအပါအဝင် တရုတ်နိုင်ငံက ပြောကြားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ ၊ CPC ၏ အုပ်ချုပ်မှုဆိုင်ရာ အတွေးအမြင် နှင့် မဟာဗျူဟာများကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုသိမြင်နားလည်လာစေလိမ့်မည် ဖြစ်သည်။

၎င်းစာအုပ်ကို ပြင်သစ် ၊ ရုရှား ၊ အာရေဗီ ၊ စပိန် ၊ ပေါ်တူဂီ ၊ ဂျာမနီ နှင့် ဂျပန်ဘာသာများဖြင့်လည်း ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.