Connect with us

NPC

တရုတ်နိုင်ငံက ဉာဏပစ္စည်းမူပိုင်ခွင့်အကာအကွယ်ပေးရေးကို ဘက်စုံတိုးမြှင့်ဆောင်ရွက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မိန့် ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့်(IP) အကာအကွယ်ပေးရေးကို နိုင်ငံအနှံ့တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဉာဏမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် နစ်နာမှုဒဏ်ကြေးငွေပေးဆောင်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ၎င်းတို့၏ စက်မှုကုန်ထုတ်ပစ္စည်းများအတွက် တီထွင်ဆန်းသစ်မှု နှင့် ဖန်တီးမှုများအတွက် အဆင့်မြှင့်တင်ခြင်းတို့ကို တွန်းအားပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ပေကျင်းမြို့၌ ယနေ့မတ် ၅ ရက်တွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယပုံမှန်အစည်းအဝေးတွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်က အထက်ပါအစီရင်ခံစာကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.