Connect with us

NPC

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်က ပြီးခဲ့သည့် ၅ နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့သည့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား တင်ပြ

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်(NPC)တွင် အစိုးရလုပ်ငန်းအစီရင်ခံစာကို မတ်လ ၅ ရက်နေ့က ဖတ်ကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးပွဲ၌ လုပ်ငန်းအစီရင်ခံစာ တင်ပြရာတွင် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ခိုင်မြဲစွာ လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုတို့၏ လူနေမှုဘဝအာမခံချက်ရရှိရေးကို အလေးထားဆောင်ရွက်ခဲ့ကာ ပြည်သူလူထု၏ လက်ခံရရှိမှုအပေါ် ကျေနပ် အားရမှု အတိုင်းအတာသည်လည်း အဆက်အပြတ် တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းများကို ဘက်စုံ ထိထိရောက်ရောက်လုပ်ဆောင်ခဲ့ရာ ၅ နှစ်အတွင်း ၎င်း အတွက် ဗဟိုဘဏ္ဍာမှ အသုံးပြုငွေ ယွမ် ၂၈၀ ဘီလီယံကျော် ရှိခဲ့သည်။ အလုပ်အကိုင်ဖန်တီးပေးခြင်းကြောင့် ပြည်သူ့များ စားဝတ်နေရေးအာမခံချက်များရရှိခဲ့သည်။ ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေး ဆောင်ရွက် ခဲ့သည်။ ဥပမာ- ကျေးလက်တောရွာ မသင်မနေရပညာရေးလုပ်ငန်းနှင့် ကျောင်းဆောက်လုပ်မှုများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကျေးလက်တောရွာဆရာဆရာမများ၏ခံစားခွင့်များ တိုးမြှင့်ပေးခြင်း၊ ကျေးလက်တောရွာနေကျောင်းသူကျောင်းသား ၃၆ သန်း အတွက် အာဟာရဖြည့်စွက်ပေးခြင်း၊ ကမ္ဘာ့ ပထမတန်းစားတက္ကသိုလ် တည်ဆောက်၍ ပထမတန်းစားပညာရပ်များ သင်ကြားပေးခြင်း၊ အဆင်မြင့် တက္ကသိုလ်ကျောင်းများက ကျေးလက်တောရွာနှင့်ဆင်းရဲနွမ်းပါးသောဒေသရှိ ကျောင်းသားကျောင်းသူခေါ်ယူမှု ကို လူဦးရေ ၁ သောင်း မှ ၁ သိန်းအထိ တိုးမြင့်ခြင်း၊ ကျောင်းအသီးသီးမှ ဆင်းရဲနွမ်းပါးသော ကျောင်းသူကျောင်းသား သန်း ၄၃၀ အား ထောက်ပံ့ကြေးငွေများပေးခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ပြည်သူလူထု၏ ဆေးဝါးကုသမှုအာမခံထောက်ပံ့ကြေးငွေကို တစ်ဦးလျှင် ယွမ် ၂၄၀ မှ ၄၅၀ အထိ တိုးမြှင့်ပေးခြင်းဖြင့် လူပေါင်း ၁၇ သန်းအား အကျိုးဖြစ်ထွန်းစေခဲ့ပါသည်။ သက်ကြီးထောက်ပံ့ကြေးငွေ ကို အထိုက်အလျောက် တိုးမြှင့်ပေးခြင်း၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်း ၊ တစ်အိမ်ထောင်ကလေးနှစ်ယောက်ပေါ်လစီ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်း ၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တိုးမြင့်လုပ်ဆောင်ခြင်းစသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.