Connect with us

NPC

NPC သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး က ငွေကြေးဆိုင်ရာ လုပ်ငန်းများ အတွက် တံခါးဖွင့်မှု အား ဆက်လက် တိုးချဲ့ပေးမည် ဖြစ်ကြောင်း ပြောကြား

တရုတ် နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ ကျုံးရှောင်ချွမ်း (Zhou Xiaochuan) အား ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ်လ ၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ကျုံးရှောင်ချွမ်း (Zhou Xiaochuan) က မတ်လ ၉ ရက်နေ့ ၌ ကျင်းပ ပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲ တွင် တရုတ် နိုင်ငံ ငွေကြေးဆိုင်ရာ လုပ်ငန်းဈေးကွက်တွင် ပြည်ပ အား တံခါးဖွင့်မှု ဆောင်ရွက်ပေးရန် နှစ်များစွာ ပြင်ဆင်မှု များဆောင်ရွက်ခဲ့ရပြီး အနာဂတ် တွင် တံခါးဖွင့်မှု အတိုင်းအတာ ကို တိုးချဲ့ပေးသွားမည် ဖြစ်ကြောင်းပြောကြား ခဲ့သည်။

ကျုံးရှောင်ချွမ်း က တရုတ် နိုင်ငံ ငွေကြေးလုပ်ငန်း ကဏ္ဍ တံခါင်းဖွင့်မှု တိုးချဲ့ရန် နှင့် ပတ်သက်၍ မူဝါဒ ချမှတ်ရန် သုသေတန လုပ်ငန်းများစွာ သည်လည်း အတည်ပြုပြီးဖြစ်ရာ သင့်လျော်သော အချိန်အခါ တွင် တည်ငြိမ်စွာဖြင့် ရှေ့တိုးဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ပြည်ပလုပ်ငန်း များအား တရုတ် နိုင်ငံ တွင် ငွေကြေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ရန် ခွင့်ပြုပေးသွားမည့် အပြင် တရုတ် နိုင်ငံ ငွေကြေးလုပ်ငန်းများ သည်လည်း ပြည်ပ သို့ တိုးချဲ့ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ လတ်တလော နှစ်ပိုင်းတွင် တရုတ် နိုင်ငံ ငွေကြေးဆိုင်ရာ လုပ်ငန်းများက ကမ္ဘာ့နိုင်ငံ အသီးသီး တွင် လုပ်ငန်း ဌာန ခွဲများစွာ ဖွင့်လှစ် နိုင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း များနှင့် ကောင်းမွန်သည့် ပူးပေါင်း ဆောင်ရွက်မှု များစွာ ရရှိခဲ့ကာ ပြိုင်ဆိုင်မှုဆက်ဆံရေးလည်း တည်ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ငွေကြေး ကဏ္ဍ တံခါးဖွင့်မှု တိုးချဲ့ရာတွင် တရုတ် နိုင်ငံ ယွမ်ငွေ(RMB) ၏ နိုင်ငံတကာ ငွေကြေး ဖြစ်တည်လာခြင်း သည် အရေးပါသည့် အကြောင်းအရင်း တစ်ခု ဖြစ်ကြောင်း ၊ တံခါးဖွင့်မှု ဆောင်ရွက်ခြင်းဖြင့် တရုတ် နိုင်ငံ ငွေကြေးဆိုင်ရာ လုပ်ငန်းများ ပတ်ဝန်းကျင် အသစ် အောက်တွင် တဖြည်းဖြည်း တိုးတက်မှု များရရှိစေပြီး နိုင်ငံတကာ ယှဉ်ပြိုင်နိုင်ရန် ဖြစ်ကြောင်း ၊ ငွေကြေးဆိုင်ရာ စစ်ဆေးထိန်းချုပ်မှု ကို တိုးမြှင့်ပြီး ပြီးပြည့်စုံသော ငွေကြေး စစ်ဆေးထိန်းချုပ်မှု စနစ် ဖြင့် ငွေကြေးဆိုင်ရာ ဘေးဒုက္ခ ကို ထိရောက်စွာ ကာကွယ်ဖြေရှင်းကာ ငွေကြေးဆိုင်ရာ လုပ်ငန်း ကဏ္ဍ တည်ငြိမ်မှု ရရှိအောင် ထိန်းသိမ်းသွား နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.