Connect with us

Africa & Middle East

တရုတ်နိုင်ငံမှ ယူဂန်ဒါနိုင်ငံသို့ သီးနှံဖျက်ပိုး ကာကွယ်တိုက်ဖျက်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

တရုတ်နိုင်ငံအစိုးရမှ ယူဂန်ဒါနိုင်ငံအား ကျိုင်းကောင်းကာကွယ်တိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားအား ဇွန် ၁၀ ရက်က ကန်ပါလာမြို့တွင် ကျင်းပစဉ်(ဆင်ဟွာ)

ကန်ပါလာ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ ယူဂန်ဒါနိုင်ငံသို့ သီးနှံဖျက် ကျိုင်းကောင်းကာကွယ်တိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ ယင်းလှူဒါန်းပွဲအခမ်းအနားကို ဇွန် ၁၀ ရက်က ယူဂန်ဒါနိုင်ငံ ကန်ပါလာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပစ္စည်းများတွင် Malathion ULV၊ Malathion EC၊ ကျောပိုးအိတ်ဆေးဖြန်းစက်၊လက်ကိုင်ဆေးဖြန်းစက်၊ ကာကွယ်ရေးအင်္ကျီ၊နှာခေါင်းစည်းနှင့်လက်အိတ်များ ပါဝင်ကြောင်း သိရသည်။ 

ယူဂန်ဒါနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Ssempijjaက ယခုလှူဒါန်းမှုသည် ယူဂန်ဒါ၏ စားနပ်ရိက္ခာဖူလုံရေးဆောင်ရွက်မှုအတွက် အထောက်အပံ့များစွာ ဖြစ်စေကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 

ယူဂန်ဒါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန့်ကျူချန်ကလည်း တရုတ်နိုင်ငံသည် ယူဂန်ဒါနိုင်ငံနှင့်အတူ  လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို အစဉ်အလေးထားရာ ဆန်စပါးစိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ နည်းပညာမွမ်းမံသင်တန်းစသည့် ကဏ္ဍများတွင် ထိရောက်အောင်မြင်သည့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုလှူဒါန်းမှုသည်လည်း နှစ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးရေရှည်ပူးပေါင်းဆောင်ရွက်မှု၏ သက်သေပင်ဖြစ်ရာ လယ်ယာသီးနှံဖျက်ပိုး ကျိုင်းကောင်များ၏ ဘေးအန္တရာယ်ကိုကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

ယူဂန်ဒါ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန၏ ပြောကြားချက်များအရ ယခုနှစ်တွင် ယူဂန်ဒါနိုင်ငံသည် အိမ်နီးချင်းကင်ညာနိုင်ငံမှလာသော ကန္တရကျိုင်းကောင် သုံးကြိမ် ကျရောက်ပြီးဖြစ်ရာ နိုင်ငံ၏ ဒေသပေါင်း ၂၆ ခုတွင် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117