Connect with us

Africa & Middle East

ပါလက်စတိုင်းတို့၏ အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲများဆက်လက်ဖြစ်ပွားနေ

ဂါဇာကမ်းမြောင်၌ ပါလက်စတိုင်းဆန္ဒပြသမားများအားတွေ့ ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

ပြီးခဲသော ဒီဇင်ဘာ ၈ ရက်က ဆန္ဒပြသူ ထောင်ပေါင်းများစွာ ရှိခဲ့ရာမှ လျော့ကျသွားခဲ့သော်လည်း ပါလက်စတိုင်းလူမျိုး ရာပေါင်းများစွာသည် အနောက်ဘက်ကမ်း၌ အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲများကို ပြင်းထန်စွာ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်းလူမျိုး ဆန္ဒပြသမား ၆ဝဝ ခန့်သည် အနောက်ဘက်ကမ်း၌ အစ္စရေးစစ်တပ်အား ဒုံးကျည်များ နှင့် ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်၍ အကြမ်းဖက်ဆန္ဒပြလျက်ရှိပြီး ၊ အစ္စရေးတို့ကလည်း ဆန္ဒပြသမားများကို လူစုခွဲရန် မျက်ရည်ယိုဗုံးများနှင့် ရော်ဘာကျည်ဆံများကို အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အနောက်ဘက်ကမ်း၌ ပါလက်စတိုင်း ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း နှင့် တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၆ ဦး အသေးစားဒဏ်ရာရခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) က ဆိုသည်။

ဂျေရုစလင် အရှေ့ပိုင်း၌ ဖြစ်ပွားခဲ့သော နှစ်ဖက်ပဋိပက္ခအတွင်း အစ္စရေးရဲတပ်ဖွဲ့နှင့် စစ်တပ်မှ အရာရှိ ၄ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာခဲ့ကြောင်း နှင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၃ ဦးကို ကျောက်တုံးများ နှင့်အခြားအရာဝတ္ထုများကို အသုံးပြု၍ ပစ်ပေါက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ဂါဇာကမ်းမြောင်၌ ခန့်မှန်းခြေ ပါလက်စတိုင်း ၄၅ဝ ဦးခန့်စုဝေးပြီး ဆန္ဒပြလျက်ရှိကြောင်း နှင့် နေရာ ၈ ခုတွင် အစ္စရေးတို့က လုံခြုံရေး အတားအဆီးများ ချထားခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။(Xinhua)