Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း နိုင်ငံ သား ၂ ဦး သေဆုံး

ပါလက်စတိုင်း နိုင်ငံ မှ ဆန္ဒပြသူ များ နှင့် အစ္စရေး နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ တိုက်ခိုက်မှု ဖြစ်ပွားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရာမာလာ ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က အစ္စရေး နိုင်ငံ လုံခြုံရေး တပ်ဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်၌ Hebron မြို့တွင် ပါလက်စတိုင်း နိုင်ငံသား ၁ ဦးအား ပစ်ခတ် သတ်ဖြတ် ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့ ညပိုင်း အချိန်တွင်လည်း Nablus မြို့တွင် ပါလက်စတိုင်း နိုင်ငံသား တစ်ဦးအား ပစ်ခတ် ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ပါလက်စတိုင်း နိုင်ငံသား တစ်ဦး က ဓားဖြင့် လုံခြုံရေး တပ်ဖွဲ့ အား တိုက်ခိုက်သဖြင့် ပစ်ခတ်ရှင်းလင်း ခဲ့ရခြင်းဖြစ်ကြောင်း ၊ ဓားဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေး နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင် က အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ပါလက်စတိုင်း နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ပြောကြား ချက်အရ သေဆုံးသူ မှာ အသက် ၁၉ နှစ် ရှိသူ ဖြစ်ပြီး ဂျော်ဒန်ချိုင့်ဝမ်း ဒေသ တွင် နေထိုင်သူ တစ်ဦး ဖြစ်ကြောင်း ၊ အခင်းဖြစ်ပွား ပြီးနောက်တွင် အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က ၎င်း၏ နေအိမ် ကို ဖျက်ဆီး ခဲ့ပြီး ၎င်း၏ ဖခင် ကိုလည်း ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဖေဖော်ဝါရီ ၆ ရက်နေ့ ညပိုင်းအချိန်တွင် Nablus မြို့တွင် ရှာဖွေဖမ်းဆီးရေး လုပ်ဆောင် ခဲ့ရာ ဒေသတွင်းရှိ ပါလက်စတိုင်း နိုင်ငံသား များနှင့် ပြင်းထန်သည့် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ပြီး ပါလက်စတိုင်း နိုင်ငံသား တစ်ဦး က အစ္စရေး နိုင်ငံ ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး လူပေါင်း ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)