Connect with us

Africa & Middle East

အာရပ် စီးပွားရေး နှင့် လူမှုဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အစည်းအဝေးအား အိမ်ရှင် အဖြစ် လက်ခံ ကျင်းပရန် အသင့် ရှိကြောင်း လက်ဘနွန် နိုင်ငံက ပြော

အာရပ် စီးပွားရေး နှင့် လူမှုရေး ဖွံ့ ဖြိုး တိုးတက်မှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး ကျင်းပရန် ပြင်ဆင် ထားမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

အာရပ် စီးပွားရေး နှင့် လူမှုဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အစည်းအဝေး ကျင်းပရန် ပြင်ဆင်မှုများ ပြီးပြည့်စုံ သွားပြီ ဖြစ်ကြောင်း လက်ဘနွန် နိုင်ငံက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“အစည်းအဝေး အတွက် ကြိုတင် ပြင်ဆင်မှုတွေမှာ ပါဝင်သူ အားလုံးဟာ အဆင်သင့် ဖြစ်နေပါပြီ။”ဟု အစည်းအဝေး ပြောရေး ဆိုခွင့် ရှိသူ နှင့် လက်ဘနွန် သမ္မတရုံးမှ မီဒီယာ အကြံပေး ဖြစ်သူ Rafic Chlala က ဆင်ဟွာသို့ပြောသည်။

လက်ဘနွန် နိုင်ငံ၏ မြို့တော် ဘေရွတ်(Beirut)၌ အာရပ် စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အစည်း အဝေး အား အာရပ်အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ဇန်နဝါရီ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် ကျင်းပ သွားမည် ဖြစ်သည်။

ထိုအစည်းအဝေးအား အာရပ် နိုင်ငံ အများစုမှ အဆင့်မြင့် အရာရှိများ တက်ရောက်ကြမည် ဖြစ်ကြောင်း လက်ဘနွန် နိုင်ငံခြားရေး ဝန်ကြီး Hani Chmaytelli က ဇန်နဝါရီ ၁၅ ရက်တွင် ကြေညာခဲ့သည်။

“ဒီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်မယ်လို့ကျွန်တော်တို့အကောင်းမြင်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထိုအစည်းအဝေးတွင် အာရပ် ကမ္ဘာ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ကိစ္စရပ်များအား ဦးစားပေး ဆွေးနွေးသွားရန် မျှော်မှန်း ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.