Connect with us

Africa & Middle East

အီဂျစ် နိုင်ငံတွင် အရေးပေါ် အခြေအနေကို သုံးလ ထပ်မံတိုးမြှင့် 

အီဂျစ် နိုင်ငံ သမ္မတ Abdel Fattah Al-Sisi အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

လတ်တလော ရက်ပိုင်း အတွင်း သမ္မတ Abdel Fattah Al-Sisi ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်ကို  အီဂျစ် နိုင်ငံ လွှတ်တော် က ခွင့်ပြုပေး ခဲ့ပြီး တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေကို ယခုလ ၂၇ ရက် မှ စတင် ၍ နောက်ထပ် အချိန် ၃ လ ထပ်မံ တိုးမြှင့် လိုက်ကြောင်း ဇူလိုင် ၂၀ ရက် တွင် အတည်ပြုခဲ့သည်။ 

အီဂျစ် နိုင်ငံ လွှတ်တော် မှ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် လက်ရှိ အီဂျစ်  ပြည်သူများ၏ ကျန်းမာရေး နှင့် လုံခြုံရေး အခြေအနေပေါ်  စဉ်းစားချင့်ချိန်၍ လွှတ်တော် အနေဖြင့် အရေးပေါ် ကာလကို ဆက်လက်တိုးမြှင့်သွားရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ 

သမ္မတ အမိန့်ကြေညာချက်ဖြင့်  လွှတ်တော် မှ အတည်ပြုပေးခဲ့သော အရေးပေါ် အခြေအနေ အောက် တွင် အီဂျစ် လုံခြုံရေး တပ်ဖွဲ့ အနေဖြင့် အထူးဆောင်ရွက်ချက်ဖြင့် အကြမ်းဖက်ခြိမ်းခြောက်မှုများ ကို ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှင့် လုံခြုံရေး ကို ထိန်းသိမ်းရင်း ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ကို လုံခြုံအောင် ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီလ တွင် အီဂျစ် နိုင်ငံ လွှတ်တော် က အရေးပေါ်အခြေအနေ ဥပဒေ ပြဌာန်းချက်ပါ ပုဒ်မ များစွာ ကို ပြင်ဆင်နိုင်ခဲ့ပြီး ယင်းပြင်ဆင်ချက်အရ သမ္မတ နှင့် အစိုးရ အား အရေးပေါ် အခြေအနေ အောက် တွင် စာသင်ကျောင်းများ ပိတ်သိမ်းပိုင်ခွင့် ၊  အများပြည်သူ နှင့် ပုဂ္ဂလိက လူစုဝေးမှုများကို ကန့်သတ်ခွင့် ၊ အထူးကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်း ကန့်သတ်ခွင့် ၊ ကုန်သွယ်မှု ကန့်သတ်ခွင့် စသည့် အခွင့်အာဏာများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117