Connect with us

Africa & Middle East

ဆိုမာလီယာ နိုင်ငံ မြို့တော် တွင် ဖြစ်ပွား သည့် ကားဗုံးဖောက်ခွဲမှု အတွင်း သေဆုံးသူ ၂၃၀ အထိ ရှိလာ

ဆိုမာလီယာ နိုင်ငံ မြို့တော် တွင် ဖြစ်ပွား ခဲ့သည့် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ဆိုမာလီယာ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က အောက်တိုဘာ ၁၄ ရက် ၌ မြို့တော် မိုဂါဒစ်ရှူး(Mogadishu ) ဒေသတွင် ဖြစ်ပွား ခဲ့သည့် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၂၃၀ ဦး အထိရောက်ရှိလာခဲ့ပြီး လူပေါင်း ၃၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

ဆိုမာလီယာ နိုင်ငံ အထက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ က မီဒီယာများကို ပြောကြားခဲ့ရာတွင် ဆေးရုံးများမှ ပေးပို့ခဲ့သည့် စာရင်းအရ ကားဗုံးဖောက်ခွဲမှုကြောင့် လူပေါင်း အနည်းဆုံး ၂၃၀သေဆုံးခဲ့ရပြီး သေဆုံးသူစာရင်းမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ တင်ဆောင်ထားသည့် ကားတစ်စင်းသည် အောက်တိုဘာ ၁၄ ရက်နေ့ညနေပိုင်းအချိန်တွင် မြို့တော် Mogadishu ဒေသရှိ လမ်းစုံတစ်ခု တွင် ဖောက်ခွဲခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ ဆိုင်များ ၊ ဟိုတယ်များ နှင့် အစိုးရ အဆောက်အဦ များ ပျက်ဆီးသွားခဲ့ရပြီး ပေါက်ကွဲမှုသည် လွန်စွာ ပြင်းထန်ကြောင်း သိရှိခဲ့ရသည်။

လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ပြုလုပ်ကြောင်း ကြေညာခြင်းမရှိသော်လည်း ဆိုမာလီယာ နိုင်ငံ သတင်းမီဒီယာများ ၏ ဖော်ပြချက်အရ ဖောက်ခွဲမှု သည် ဆိုမာလီယာ နိုင်ငံ အစွန်းရောက်အဖွဲ့အစည်း AI-Shabaab မှ ပြုလုပ်ခြင်း ဖြစ်နိုင်ပြီး ရည်ရွယ်ချက်အနေဖြင့် အစိုးရ နှင့် သတင်းမီဒီယာများ ထံသို့ သတင်းအချက်အလက် ပေးပို့သူများ နေထိုင်ရာ ဟိုတယ်ကို တိုက်ခိုက်လိုသောကြောင့် ဖြစ်နိုင်ကြောင်း ၊ AI-Shabaab အစွန်းရောက် အဖွဲ့အစည်း သည် Al-Qaeda အဖွဲ့အစည်း နှင့် အဆက်အသွယ်ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး လတ်တလော နှစ်ပိုင်းတွင် ဆိုမာလီယာ နိုင်ငံ နှင့် အနီးပတ်ဝန်းကျင် နိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်မှု များစွာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)