Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ မြို့တော် အရှေ့ပိုင်း ဒေသအား အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အနည်းဆုံး လူ ၄ ဦး သေဆုံး

ဆီးရီးယား နိုင်ငံ မြို့တော် အရှေ့ပိုင်း တွင် အစိုးရ တပ်ဖွဲ့ မှ လုံခြုံရေး ဆောင်ရွက်နေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမက်စကက် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန မှ သတင်းပေးပို့သူ တစ်ဦး က ဆင်ဟွာ သတင်းဌာနသို့ ပြောကြား ခဲ့ရာတွင် အောက်တိုဘာ ၁၅ ရက်နေ့၌ မြို့တော် အရှေ့ပိုင်းမှာ အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရပြီး လူပေါင်း အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။

အမည်မဖော်လိုသူ၏ ပြောကြားချက်အရ အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းတွင် ဒမက်စကတ်မြို့ အရှေ့ပိုင်း သို့ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့က အမြောက် ၄ ချက် ပစ်ခတ်ခဲ့သော်ကြောင့် သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၅ ဦး အခြေအနေ မှာ စိုးရိမ်ဖွယ်ရာရှိကြောင်း သိရှိခဲ့ရသည်။

ဆီးရီးယား အရေး ဖြစ်ပွား ပြီးနောက်တွင် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ သည် မကြာခဏ ဆိုသလို ဒမက်စကက် မြို့အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ယခုရက်ပိုင်းတွင် တိုက်ခိုက်မှုများ ပိုမိုများပြား လာခဲ့သည်။

လက်ရှိချိန်တွင် ဒမက်စကက်မြို့ ၏ လုံခြုံရေး အခြေအနေမှာ တည်ငြိမ်မှုရှိနေသော်လည်း တိုက်ခိုက်မှုများမှာ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ယခုလ ၁၁ ရက်နေ့တွင် ရဲဌာနရုံးချုပ် ၌ ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.