Connect with us

Africa & Middle East

ဆီးရီးယားအရှေ့ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ဦးသေဆုံး

ဆီးရီးယားနိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း တွင် ကာ့ဒ်တိုက်ခိုက်ရေးသမားများ ထိန်းချုပ်ထားသော မြို့တစ်မြို့၌ ဖေဖော်ဝါရီ ၂၁ ရက်က ကားဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခုကပြောကြားခဲ့သည်။

နိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ် ရှိ Shehel မြို့ တွင် ကားဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားဆိုင်ရာ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့သည်။

ယင်းကားဗုံးသည် ကာ့ဒ်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ယာဉ်တန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် ရေနံအလုပ်သမားများလည်းပါရှိကြောင်း လန်ဒန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် IS စစ်သွေးကြွတပ်ဖွဲ့ရှိနေကြောင်း ၎င်းကပြောကြားခဲ့သည်။

Deir al-Zour ပြည်နယ် Euphrates River ဒေသ ရှိ IS တို့၏ နောက်ဆုံးဧရိယာအား ပြန်လည်ရယူရန် IS တို့က စီစဉ်ဆောင်ရွက်နေစဉ် ယင်းပေါက်ကွဲမှုထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117