Connect with us

Africa & Middle East

မပ်စ်ကတ် နိုင်ငံတကာ စာအုပ်အရောင်းပြပွဲ၌ တရုတ်ပုံနှိပ်ထုတ်ဝေသူများ ပထမဆုံးအကြိမ် သွားရောက်ပြသမည်

မပ်စ်ကတ် နိုင်ငံတကာ စာအုပ်အရောင်းပြပွဲကျင်းပနေမှုအားတွေ့ရစဉ်(အင်တာနက်)

မပ်စ်ကတ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အိုမန်နိုင်ငံတွင် မတ် ၂ရက်ထိ ကျင်းပမည့် (၂၄)ကြိမ်မြောက် မပ်စ်ကတ် နိုင်ငံတကာ စာအုပ်အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၃၀နိုင်ငံမှ ပုံနှိပ်ထုတ်ဝေသူ ၈၈၂ ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ပြပွဲကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကြိုဆိုကြောင်း သိရသည်။

အဆိုပါ အရောင်းပြပွဲတွင် Harbin ယဉ်ကျေးမှု ဖလှယ်ရေးအဖွဲ့နှင့် တရုတ် CPI ပုံနှိပ်တိုက်တို့က ပြသခဲ့ကြောင်း သိရသည်။

“ကျွန်ုပ်တို့ စာအုပ်တော်တော်များဟာ တရုတ်ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေဖြစ်ပြီး ပြင်သစ်၊အင်္ဂလိပ်နဲ့ အာရပ်ဘာသာစကားအပါအဝင် ဘာသာစကား ၇မျိုးနဲ့ ထုတ်လုပ်ထားတယ်”ဟု CIPက Xie Yangက ပြောကြားသည်။

ကလေးစာအုပ်များနှင့် တရုတ်ရိုးရာ ဆေးပညာ စာပေ၊ သိပ္ပံနည်းကျစာပေများနှင့် ပတ်သက်သော စာအုပ်များရှိကြောင်း၊ Harbinယဉ်ကျေးမှုဖလှယ်ရေးမှ တရုတ်ပုံနှိပ်ထုတ်လုပ်သူများသည်လည်း ကလေးစာအုပ်များ ၊ ထောက်လှမ်းရေးဂိမ်းများနှင့် မြှင့်တင်ရေး ကိရိယာများကို အဓိကထားကြောင်း Xieက ဆိုသည်။

အိုမန်နိုင်ငံ မပ်စ်ကတ် နိုင်ငံတကာ စာအုပ်အရောင်းပွဲတော် ဥက္ကဋ္ဌ၊အိုမန် ပြန်ကြားရေးဝန်ကြီး Abdul Moneim bin Mansour Al Hassaniက ဖွင့်ပွဲအခမ်းအနားတွင် အဆိုပါ ပြပွဲသည် နိုင်ငံတကာနှင့် အာရပ်နိုင်ငံများတွင်ပါ အရေးကြီးသော သြဇာလွှမ်းမိုးမှုရှိကြောင်း ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.