Connect with us

Africa & Middle East

ဆူဒန် – တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ဆူဒန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Ma Xinmin က အခမ်းအနားတွင် မိန့် ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ခါတွန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ဆူဒန် နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့အကြား သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆူဒန် နိုင်ငံ မြို့တော် ခါတွန် ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားသို့လက်ရှိ အာဏာရ ပါတီ(NCP) ဒုတိယ ဥက္ကဋ္ဌ နှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Faisal Hassan Ibrahim ၊ Awad Ahmed Al-Jaz ၊ ဆူဒန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Ma Xinmin တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။“သမိုင်းဝင် အခမ်းအနားတစ်ခုပါ။ ဆူဒန် နိုင်ငံ နဲ့တရုတ် နိုင်ငံ တို့အကြား သံတမန် ဆက်ဆံရေး တည်ထောင် ခြင်း နှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့ဒီနေရာမှာ ကျွန်တော်တို့စုရုံး ရောက်ရှိနေတာ ဖြစ်ပါတယ်”ဟု ဆူဒန်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သူ Faisal Hassan က အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဆူဒန် အစိုးရ အနေဖြင့် နိုင်ငံအတွင်း တရုတ်နိုင်ငံသားများ လာရောက် ရင်းနှီးလုပ်ကိုင်ကြမည်ကို အားပေးထောက်ခံကြောင်း နှင့် လိုအပ်ချက်များအားလုံးကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ဆူဒန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Ma Xinmin က တရုတ် နှင့် ဆူဒန် နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်မှု အောက်နှင့် ဘုံသက်ဆိုင်သော အကြောင်းအရာများအောက်တွင် တည်ငြိမ်စွာ နှင့် ကောင်းမွန်စွာဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်လျက်ရှိနေကြောင်း ပြောကြားခဲ့သည်။ဆူဒန် နှင့် တရုတ် နိုင်ငံတို့သည် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြောင်း သိရသည်။ (Xinhua)