Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ ၏ တိုက်လေယာဉ် တစ်စင်း တာဝန်ထမ်းဆောင်စဉ် ယီမင် နိုင်ငံ ၌ ပျက်ကျ

ဆော်ဒီအာရေဗျ နိုင်ငံ ၏ F-15SA တိုက်လေယာဉ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ ၏ တိုက်လေယာဉ် တစ်စင်း သည် ဇန်နဝါရီ ၇ ရက်နေ့၌ ယီမင် နိုင်ငံ တွင် တာဝန်ထမ်းဆောင် နေစဉ် ပျက်ကျ ခဲ့ပြီး လေယာဉ်ပေါ် ရှိ လေယာဉ်မှူး နှစ်ဦး ကို ကယ်ဆယ် နိုင်ခဲ့ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ မှ ထုတ်ပြန်ချက် အရ သိရှိရသည်။

ညွှန်ပေါင်း တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ပျက်ကျ ခဲ့သည့် တိုက်လေယာဉ် သည် တာဝန်ထမ်းဆောင် အပြီး အပြန်တွင် စက်ချို့ယွင်းမှု ဖြစ်ပွား ခဲ့ရာ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ၊ ညွှန်ပေါင်း တပ်ဖွဲ့ ၏ ကြည်းတပ် နှင့် လေတပ် တို့၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် လေယာဉ်မှူး နှစ်ဦး ကို ရှာဖွေ ကယ်ဆယ် နိုင်ခဲ့ပြီး ဆော်ဒီအာရေဗျ နိုင်ငံ သို့ ပို့ဆောင်ပေး နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.