Connect with us

Africa & Middle East

တရုတ် ဆေးဘက်ဆိုင်ရာ အဖွဲ့အား စေလွှတ်ရန် တူနီရှား နှင့် တရုတ် နိုင်ငံတို့ပူးပေါင်း ဆောင်ရွက်မှု စာချုပ် လက်မှတ် ရေးထိုး

တူနီရှား နိုင်ငံတွင် တရုတ် ဆေးဘက် ဆိုင်ရာ အဖွဲ့ မှ ဆေးကုသမှုများ ပြုလုပ်ပေးနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

တူနီ ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

တရုတ် ဆေးဘက် ဆိုင်ရာ အဖွဲ့အား တူနီးရှား နိုင်ငံသို့စေလွှတ်ရန် တူနီးရှား နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့သည် ပူးပေါင်း ဆောင်ရွက်မှု စာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း တူနီရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာချက် အရ သိရသည်။

တူနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ် Wang Wenbin နှင့် တူနီးရှား နိုင်ငံခြားရေး ဝန်ကြီး Sabri Bachtobji တို့သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် စာချုပ်အား လက်မှတ် ရေးထိုးခဲ့ပြီး စာချုပ် အရ တရုတ် နိုင်ငံ နှင့် တူနီးရှား နိုင်ငံ တို့သည် ကျန်းမာရေး နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တူနီးရှား နိုင်ငံသို့ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ၂၃ ကြိမ်မြောက် တရုတ် ဆေးဘက် ဆိုင်ရာ အဖွဲ့ရောက်ရှိခဲ့ပြီး အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှုများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

တူနီးရှား နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့အကြား စီးပွားရေး ၊ ယဉ်ကျေးမှု နှင့် အနုပညာရပ်များ အပါအဝင် နယ်ပယ် များစွာတွင် ပူးပေါင်း ဆောင်ရွက်မှုများ အပေါ် သိသာ ထင်ရှားသည့် အောင်မြင် တိုးတက်မှုဟု ဂုဏ်ပြု ချီးကျူးခဲ့ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.