Connect with us

Africa & Middle East

ကာတာအရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နှင့် ဆော်ဒီအာရေးဗီးယား ဘုရင်တို့ဆွေးနွေး

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန် နှင့် ဆော်ဒီနိုင်ငံဘုရင် Salman bin Abdulaziz Al Saud တို့ တွေ့ ဆုံစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန် နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ ဘုရင် Salman bin Abdulaziz Al Saud တို့သည် ဇူလိုင်လ ၁၂ ရက်က တွေ့ဆုံပြီး ကာတာနိုင်ငံအရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း AL Arabiya ပြည်တွင်းသတင်းက ဖော်ပြခဲ့သည်။

ဒေသတွင်း အကျပ်အတည်းကို အဖြေရှာရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ကူဝိတ် ၊ ကာတာ နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများသို့တရားဝင် အလည်အပတ်ခရီးသွားရောက်နေသည်။

ဝန်ကြီးတီလာဆန်သည် ကာတာနိုင်ငံအပေါ်သပိတ်မှောက်ထားခြင်းနှင့်ပတ်သက်၍ ဆော်ဒီအားရေးဗီးယားနိုင်ငံ ဂျက်ဒါမြို့(Jeddah) ၌ ဆော်ဒီအာရေးဗီးယား ၊ ယူအေအီး ၊ အီဂျစ် နှင့် ဘာရိန်း နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေးသွားရန် ရှိသည်။

၎င်းတို့အနေဖြင့် အကြမ်းဖက်ဝါဒအမြစ်ပြတ်သုတ်သင်ရေး နှင့် ငွေကြေးထောက်ပံ့နေမှုများကို တားဆီးရေးဆိုင်ရာ ကိစ္စရပ်များလည်း ဆွေးနွေးသွားရန် ရှိသည်။

ဆော်ဒီအာရေးဗီးယား ၊ ယူအေအီး ၊ အီဂျစ် နှင့် ဘာရိန်း ပါဝင်သည့် ၄ နိုင်ငံသည် ၎င်းတို့၏ အတူတကွ စုစည်းမှုကို ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာဥပဒေများ နှင့် သဘောတူညီချက်များကို ချိုးဖောက်နေသည့် ကာတာနိုင်ငံအပေါ် ဆန့်ကျင်ရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ လေးနိုင်ငံက ကာတာနိုင်ငံသည် အကြမ်းဖက်မှု နှင့် အစွန်းရောက်ဝါဒကို ထောက်ခံအားပေးနေခြင်း ၊ အာရပ်နိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်နေခြင်း ၊ နိုင်ငံတကာနှင့်ဒေသတွင်း နှစ်ခုစလုံး၏ လုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည့်အတွက် သပိတ်မှောက်ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.