Connect with us

Africa & Middle East

အယ်ဂျီးရီးယားတွင် ရဟတ်ယာဉ်တစ်စင်းပျက်ကျရာ လူ ၄ဦးသေဆုံး


အယ်ဂျီးယားစ်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

အယ်ဂျီးရီးယားနိုင်ငံ မြို့တော် အယ်ဂျီးယားစ်မြို့ အနီးရှိ Douira ဒေသ တွင် သြဂုတ် ၁၀ ရက်က ရဟတ်ယာဉ် တစ်စင်းပျက်ကျရာ လူ ၄ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းရဟတ်ယာဉ်အား Tassili လေကြောင်း ကုမ္ပဏီက ပိုင်ဆိုင်ပြီး ရထားလမ်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လေ့လာရေး နှင့် နောက်ဆက်တွဲလုပ်ငန်းများဆောင်ရွက်ရေး အမျိုးသားအေဂျင်စီသို့ ပြန်လည်ငှားရမ်းထားခြင်းဖြစ်ကြောင်း Tassili လေကြောင်းလိုင်း ၏ ပြောရေးဆိုခွင့်ရှိသူ ကာရင်း ဘာဟက်ဒ်၏ ပြောကြားချက်ကို ကိုးကား၍ APS သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

အယ်ဂျီးရီးယားနိုင်ငံတွင် သြဂုတ် ၁၀ ရက်က ပျက်ကျခဲ့သည့် ရဟတ်ယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

သေဆုံးသွားသူများတွင် လေယာဉ်မှူး နှင့် တွဲဖက်လေယာဉ်မှူးတစ်ဦးတို့အပြင် အယ်ဂျီးယားစ် မြို့လယ်ခေါင် မှ အနောက်ဘက် ဇာရယ်ဒါမြို့ အစွန်အဖျားသို့ ဆက်သွယ်ပေးထားသော ရထားလမ်းသစ်အူကြောင်း ရေးဆွဲရန် ဝေဟင်မှ ဓါတ်ပုံမှတ်တမ်းတင်သူ ၂ဦးလည်းပါဝင်ခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ၃နှစ်အတွင်း အယ်ဂျီးရီးယားနိုင်ငံတွင် လေယာဉ်ပျက်ကျမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး အများစုမှာ စစ်လေယာဉ်များဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.