Connect with us

Africa & Middle East

တူရကီတင့်ကားများကို အီရတ်နယ်စပ်အနီးထိ ပို့ဆောင်ပြီ

အီရတ်နယ်စပ်သို့ ဦးတည်မောင်းနှင်လာသော တူရကီစစ်တပ်မှ တင့်ကားတစ်စီးအားတွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံစစ်တပ်သည် ၎င်းတို့၏ တင့်ကားများ နှင့် အခြား စစ်လက်နက်တင်ဆောင်ထားသည့်မော်တော်ယာဉ်များကို အီရတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော တူရကီနိုင်ငံအရှေ့တောင်ပိုင်း Sirnak ပြည်နယ်သို့နိုဝင်ဘာလ ၁ ရက်က ပို့ဆောင်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဌာနက သတင်း ဖော်ပြခဲ့သည်။

တူရကီနိုင်ငံ အန်ကာရာမြို့အခြေစိုက် အမှတ် (၂၈) ခြေလျင်ယန္တယားတပ်မ မှ တင့်ကားများသည် Sirnak ခရိုင် Silopi မြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

“ ဘယ်လို ဖြစ်နိုင်ခြေ ကိစ္စမျိုးအတွက်မဆို ကျွန်တော်တို့ဖက်က အသင့်ပြင်ဆင်ထားပါတယ်” ဟု အီရတ်နယ်စပ်သို့တင့်ကားပို့ဆောင်ခြင်းနှင့်ပတ်သက်၍ ရုပ်သံမေးမြန်းချက်တစ်ခုတွင် တူရကီနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Fikri Isik က ဖြေကြားခဲ့သည်။

အီရတ်နိုင်ငံ Tal Afar မြို့၌ အိုင်အက်စ်အကြမ်းဖက်သမားများအား အပြီးသတ်နှိမ်နှင်းမှုအပြီးတွင် ယင်းကဲ့သို့တူရကီနိုင်ငံဖက်က တင့်ကားများနယ်စပ်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အီရတ်နိုင်ငံ Tal Afar မြို့ရှိ ယီယိုက်စစ်သွေးကြွများသည် “ အကြမ်းဖက်မှုအကြောင်းတရား” ဖြစ်နေပါက တူရကီနိုင်ငံအနေဖြင့် မတူကွဲပြားသောပုံစံဖြင့် တုံပြန်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် အခင်းဖြစ်ဒေသကို ၎င်း၏ စစ်တပ်ကို စေလွှတ်သွားရန် တူရကီနိုင်ငံက စီစဉ်ထားကြောင်း တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan သည် အောက်တိုဘာလ ၂၉ ရက်က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.