Connect with us

Africa & Middle East

(သတင်းစုစည်းချက်) အရှေ့အလယ်ပိုင်းဒေသတွင် ဘက်စုံပိတ်ဆို့မှုများ ဆောင်ရွက်လာပြီး ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်လာ

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် လူများ နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တူနီးရှား ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဆင်ဟွာသတင်းဌာန၏ အရှေ့အလယ်ပိုင်းဒေသရှိ သတင်းထောက်များ၏ သတင်းစုစည်းချက် —
အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ရောဂါ ကူးစက်မှုက ဆက်လက်၍ ပြန့်ပွားလာသဖြင့် နိုင်ငံအများအပြားက ဘက်စုံပိတ်ဆို့မှုဆောင်ရွက်သည့် ပုံစံကို ပြန်လည်ဆောင်ရွက်လာပြီး အချို့နိုင်ငံများက ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်လာခဲ့ကြကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ယင်းနေ့တွင် အစ္စရေးနိုင်ငံ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၇,၉၄၂ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၇၀,၁၅၁ ဦး ရှိလာကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံ အနေဖြင့် ဇန်နဝါရီ ၇ ရက်ညပိုင်းအချိန်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာတွင် ပိုမိုတင်းကျပ်သည့် ဘက်စုံအသွားအလာကန့်သတ်တားမြစ်သည့် ဆောင်ရွက်မှုများကို ဆောင်ရွက်လာခဲ့ပြီး ဥပမာအားဖြင့် ပညာရေးစနစ်တစ်ခုလုံး ရပ်တန့်ခြင်း ၊ လုပ်ငန်းကုမ္ပဏီအချို့အား ရပ်တန့်ခြင်း ၊ အလုံပိတ်အခန်းတွင် လူ ၅ ဦး အထက် စုဝေးခြင်းအား ကန့်သတ်ခြင်း ၊ အခန်းပြင်ပတွင် လူ ၁၀ ဦး အထက်စုဝေးခြင်းအား ကန့်သတ်ခြင်း နှင့် သက်ဆိုင်ရာ ကန့်သတ်မှုအသီးသီးများကို အချိန်ကာလ နှစ်ပတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့၏ ဇန်နဝါရီ ၇ ရက် ထုတ်ပြန်ကြေညာချက်အရ အစ္စရေးနိုင်ငံ စစ်တပ်တွင် လက်ရှိအချိန်၌ COVID-19 ရောဂါ ကူးစက်ခံထားရသည့် တပ်ဖွဲ့ဝင်ပေါင်း ၁,၀၀၄ ဦး ရှိပြီး သီးသန့်ခွဲခြားနေရာချထားသည့် တပ်ဖွဲ့ဝင်ပေါင်း ၁၀,၄၅၀ ဦးရှိကာ တပ်ဖွဲ့ဝင်ပေါင်း ၂၃,၂၈၀ ဦး က COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း ၊ COVID-19 ရောဂါ ကူးစက်မှုတိုးမြင့်လာခြင်းကို ရင်ဆိုင်နိုင်ရန်အတွက် ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့ဝင်များ၏ အားလပ်ရက် အနားယူခြင်းများကို ရပ်နားခဲ့ကြောင်း သိရှိရသည်။

လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၄,၇၇၄ ဦးရှိခဲ့ပြီး တစ်နေ့အတွင်း ရောဂါ ထပ်မံကူးစက်ခံရသည့် စံချိန်သစ်တင်ခဲ့ကာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၀၄,၆၉၉ ဦးအထိ ရှိလာကြောင်း သိရှိရသည်။ လက်ဘနွန်နိုင်ငံအနေဖြင့် ဇန်ဝါရီ ၇ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ပိတ်ဆို့ကန့်သတ်မှုအခြေအနေကို ပြန်လည်ကြေညာခဲ့ပြီး ကန့်သတ်မှုအား ချိုးဖောက်သူများအနေဖြင့် ဖမ်းဆီးချုပ်နှောင်ခံရခြင်းနှင့် ဒဏ်ငွေပေးဆောင်ရခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အီရတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက် ထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါ ဆိုင်ရာစာရင်းပြုစုချက်အရ ယင်းနေ့တွင် အီရတ်နိုင်ငံ၌ လူပေါင်း ၇၉၀ ဦး COVID-19 ရောဂါ ထပ်မံကူးစက်ခံရပြီး စုစုပေါင်း ကူးစက်ခံရသူ ၆ သိန်းကျော်အထိရောက်ရှိလာကာ အတိအကျအားဖြင့် ၆၀၀,၇၅၅ ဦး COVID-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရှိရသည်။ အီရတ်နိုင်ငံကျန်းမာရေးဝန်ကြီး Hassan al-Tamimi က ဇန်နဝါရီ ၇ ရက်၌ အစိုးရ အနေဖြင့် ဆက်လက်၍ လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် သက်ဆိုင်ရာဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး ဗီဇပြောင်း COVID-19 ရောဂါ အီရတ်နိုင်ငံသို့ ဝင်ရောက်လာမှုကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗီဇပြောင်း COVID-19 ရောဂါကို စစ်ဆေးသည့် ဓာတ်ခွဲခန်းတွင် လိုအပ်သည့် ထူးခြားသော ပစ္စည်းကိရိယာများကြောင့် အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က အရေးပေါ်ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ပြီး အီရတ် နိုင်ငံမြို့တော် ဘဂ္ဂဒက်ရှိ ဓာတ်ခွဲခန်း နှစ်ခုတွင် သက်ဆိုင်ရာလိုအပ်သော ပစ္စည်းကိရိယာများကို ဖြည့်စွက်ခဲ့ကြောင်း သိရှိရသည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁,၂၅၁ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၆၃,၅၇၃ ဦးရှိလာကြောင်း ၊ ပါလက်စတိုင်းအတွင်း ကပ်ရောဂါအခြေအနေက ပြည်လည်ကောင်းမွန်လာခြင်းရှိပြီး COVID-19 ရောဂါ ကူးစက်ခံရပြီး ရောဂါမှ ပြန်လည်သက်သာ လာသည့် ရာခိုင်နှုန်းမှာလည်း တိုးမြင့်လာခဲ့ကြောင်း ၊ ရောဂါကူးစက်ခံရသူ ပြန်လည်သက်သာလာသည့် ရာခိုင်နှုန်းမှာ ၈၈.၂ ရာခိုင်နှုန်းအထိရောက်ရှိလာခဲ့ပြီး COVID-19 ရောဂါ ကူးစက်ခံရပြီး သေဆုံးခဲ့သည့် ရာခိုင်နှုန်းက ၁ ရာခိုင်နှုန်းဖြစ်ကြောင်း ၊ ပါလက်စတိုင်းအစိုးရ အနေဖြင့် လက်ရှိချိန်တွင် COVID-19 ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရန် တက်ကြွစွာဆောင်ရွက်နေပြီး ပထမ အသုတ် COVID-19 ရောဂါကာကွယ်ဆေးက ဖေဖော်ဝါရီလတွင် ရောက်ရှိလာမည်ဖြစ်ပြီး ထိုအချိန်တွင် လူထုများကို အခမဲ့ ဖြင့် မိမိဆန္ဒအလျောက် ကာကွယ်ဆေးထိုးနှံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၂,၁၇၁ ဦးရှိခဲ့ပြီး စုစုပေါင်း ရောဂါ ကူးစက်ခံရသူ ၂,၂၉၆,၁၀၂ ဦးရှိလာကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့သူ ၁၉၄ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၂,၂၆၄ ဦးအထိရှိလာကြောင်း သိရှိရသည်။ တူရကီ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဇန်နဝါရီ ၇ ရက်တွင် နိုင်ငံအတွင်းရှိ ပြည်နယ် ၈၁ ပြည်နယ် အား ကာကွယ်ဆေး ထိုးနှံပေးရာတွင် လိုအပ်သော သက်ဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး သက်ဆိုင်ရာလိုအပ်ချက်များအရ ဆေးရုံများအားလုံးတွင် ကာကွယ်ဆေး ထိုးပေးသည့် သီးသန့်အခန်းအား ဖွဲ့စည်းပေးရန် ၊ ကာကွယ်ဆေးထိုးနှံပေးသည့် အခန်းအား အရေးပေါ်ကုသဆောင်၏ အဝေးတွင် ထားရှိရမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးသည့် အခန်းတစ်ခန်းတွင် တစ်ကြိမ်လျှင် လူတစ်ဦးကိုသာ ကာကွယ်ဆေး ထိုးနှံပေးရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။ (Xinhua)

—————————————–
(Chinese Version)
(国际疫情)综合消息:中东多国进入全面封锁 加快部署疫苗
2021-01-08 13:20:46 分类: 医药卫生
  新华社突尼斯1月7日电综合新华社驻中东地区记者报道:中东地区新冠疫情持续蔓延,多个国家重新进入全面封锁状态,一些国家加快部署疫苗工作。
  以色列卫生部7日公布的数据显示,该国当天新增确诊病例7942例,累计确诊470151例。以色列自7日午夜起在全国范围内实施更严格的全面“封城”限制措施,如关闭整个教育系统、关闭部分企业,室内场所禁止5人以上聚集、室外场所禁止10人以上聚集等,相关措施将持续两周。
  以色列国防军当天公布的数据显示,以军士兵中现存新冠确诊病例1004例,目前有10450名士兵在隔离之中,23280名士兵接种了新冠疫苗。为应对新冠感染率的上升,以国防军已暂停士兵休假。
  黎巴嫩卫生部7日公布,当日全国新增新冠确诊病例4774例,再次刷新单日新增确诊纪录,累计确诊204699例。黎巴嫩当日起全国范围重新进入封锁状态,违反规定者将受到拘禁和罚款。
  伊拉克卫生部7日发布的新冠疫情数据显示,该国当天新增确诊病例790例,累计确诊超过60万例,达600755例。伊拉克卫生部长哈桑•塔米米当日表示,政府将继续在机场和边境口岸采取应对措施,防范变异新冠病毒输入。鉴于检测变异病毒需要特殊的实验室设备,伊卫生部与世界卫生组织紧急协调,在首都巴格达两个实验室增加了相关设备。
  巴勒斯坦卫生部网站7日公布的数据显示,过去24小时该国新增确诊病例1251例,累计确诊163573例。巴卫生部表示,巴境内疫情状况有所改善,新冠患者康复率进一步提高,目前已达88.2%;死亡病例数在感染病例总数中所占比例为1%。巴勒斯坦政府说,正积极寻求购买新冠疫苗。首批新冠疫苗预计将于2月到货,届时该国民众将免费、自愿接种疫苗。
据土耳其卫生部官网7日消息,过去24小时该国新增确诊病例12171例,累计确诊2296102例;新增死亡194例,累计死亡22264例。卫生部当天向该国81省发布疫苗接种准备工作的相关要求。根据要求,所有医院必须设立专门的疫苗接种室,疫苗接种室需要远离急诊室,每间疫苗接种室一次只能接种一个人。(执笔记者:潘晓菁;参与记者:吴丹妮、尚昊、苏小坡、郑思远、王峰、陈斌杰、刘宗亚、王尚、涂一帆、张淼、冀泽、夏晨、王薇、熊思浩、杨元勇、黄灵、马意翀)(完)

Photo
12月26日,在黎巴嫩贝鲁特,人们戴着口罩进行户外活动。新华社发(比拉尔•贾维希摄)