Connect with us

Africa & Middle East

အီရန်နှင့် တောင်ကိုရီးယားအကြား “ပိတ်ခံထားရသည့်ငွေကြေး”နှင့်”ထိန်းသိမ်းခံရေနံတင်သင်္ဘော”အရေး သဘောတူညီမှုမရရှိသေး

အီရန်သို့သွားရောက်သည့် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့အား အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီရန်နိုင်ငံ မြို့တော် တီဟီရန်သို့ သွားရောက်သည့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပထမ ဒုတိယဝန်ကြီး Choi Jong-gunသည် ဇန်နဝါရီ ၁၁ ရက်က အီရန် နိုင်ငံခြားရေးဝန်ကြီးMohammad Javad Zarif ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ Hemmatieနှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး “အီရန်အထိန်းသိမ်းခံ တောင်ကိုရီးယား ရေနံတင်သင်္ဘော”၊ ”တောင်ကိုရီးယားရှိ အီရန် အပိတ်ခံငွေကြေး”နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ လက်ရှိတွင် နှစ်ဖက်စလုံးက သဘောတူညီမှုမရရှိသေးကြောင်း သိရသည်။

ယင်းနေ့ဆွေးနွေးပွဲတွင် Zarif က တောင်ကိုရီးယားဘဏ်များသည် တောင်ကိုရီးယားရှိ အီရန်၏ငွေကြေးပိုင်ဆိုင်မှုကိုရယူရာတွင် ကန့်သတ်မှုများ နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း၊ အီရန်ဘက်က ကာလကြာရှည် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရကြောင်း၊ ၎င်းလုပ်ဆောင်ချက်သည် လက်ရှိ အီရန်-တောင်ကိုရီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံးအတားအဆီးဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါသည် ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံစီးပွားရေးကို သက်ရောက်မှုရှိနေခြင်းကြောင့် တောင်ကိုရီးယားအစိုးရအနေဖြင့် အဆိုပါအတားအဆီးကို အမြန်ဆုံးဖြေရှင်းပေးရန် တိုက်တွန်းကြောင်းပြောကြားခဲ့ကြောင်း အီရန် IRNA သတင်းများအရ သိရသည်။

ဟောမုဇ်ရေလက်ကြားတွင် ကင်းလှည့်နေသည့် အီရန်တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တစ်ချိန်တည်းမှာပင် Zarifက တောင်ကိုရီးယားရေနံသင်္ဘောကို ဖမ်းဆီးထိန်းသိမ်းရခြင်းသည် သက်ဆိုင်ရာရေပြင်တွင် ပတ်ဝန်းကျင် ညစ်ညမ်းအောင် လုပ်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း၊ ၎င်းမှာ ဥပဒေမူဘောင်အတွင်းက ဖြေရှင်းခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းနေ့မနက်အစောပိုင်းက Hemmatieနှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးရာတွင် တောင်ကိုရီးယားရှိ အီရန်၏ ငွေကြေးပိုင်ဆိုင်မှုကို ပိတ်ဆို့ထားသည့် လုပ်ရပ်သည် လက်ခံနိုင်စရာမရှိကြောင်း ဆိုသည်။

တောင်ကိုရီးယား YONHAP သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ ဖမ်းဆီးထားသည့် ရေနံတင်သင်္ဘောနှင့် သင်္ဘောသားများကို အမြန်ဆုံးလွှတ်ပေးရန် Choi Jong-gunက တိုက်တွန်းပြောကြားခဲ့သလို သင်္ဘောသည် ပတ်ဝန်းကျင်ညစ်ညမ်းအောင် လုပ်ဆောင်သည်ဆိုသော အထောက်အထားကို အီရန်ပြရန် တောင်းဆိုထားကြောင်း သိရသည်။ တောင်ကိုရီးယား အမည်မဖော်လိုသည့် အရာရှိတစ်ဦး၏ ပြောကြားချက်များအရ အဆိုပါသင်္ဘောပေါ်တွင် သင်္ဘောသားစုစုပေါင်း (၂၀)ဦး ရှိပြီး တောင်ကိုရီယား၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံများမှဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ သင်္ဘောသားများ လုံခြုံ၍ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဆိုသည်။

ထို့အပြင် အီရန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Araghchiက တောင်ကိုရီးယားအနေဖြင့် ရေနံတင်သင်္ဘော ထိန်းသိမ်းခံထားရသည့်ကိစ္စကို နိုင်ငံရေးအသွင်ပြုခြင်းကို ရှောင်ကြဉ်သင့်သည်ဟု ဇန်နဝါရီ ၁၀ ရက်က Choi Jong-gunနှင့်တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ပင်လယ်ကွေ့၌ တောင်ကိုရီးနိုင်ငံအလံတင်ထားသည့် ရေနံသင်္ဘောတစ်စီးကို အဏ္ဏဝါပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများ ကြိမ်ဖန်များစွာ ချိုးဖောက်သည်ဟု ဆိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယင်းလုပ်ဆောင်ချက်သည် တောင်ကိုရီးယားရှိ အီရန်ပိုင် ငွေကြေးများကို ပိတ်ဆို့ထားခြင်းနှင့်သက်ဆိုင်သည်ဟု ယူဆကြကြောင်း တောင်ကိုရီးယား မီဒီယာများကဆိုသည်။

၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်မှ အမေရိကန်အစိုးရ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီးနောက် အီရန်အပေါ် ပိတ်ဆို့မှုနှင့်ထပ်တိုးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်၏ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုကို တိုးချဲ့ခဲ့ခြင်းအတွက်ကြောင့် တောင်ကိုရီးယားရှိ ဘဏ်(၂)ခုက ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် အီရန်ပိုင် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ (၇)ဘီလီယံကို တားမြစ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

အမေရိကန်၏ပိတ်ဆို့မှုကြောင့် တောင်ကိုရီးယားရှိ အီရန်ငွေကြေးပိုင်ဆိုင်မှုကို ပိတ်ဆို့ခြင်းမပြုရန် အီရန်ဘက်က ကြိမ်ဖန်များစွား တောင်းဆိုခဲ့သည်။ တောင်ကိုရီးယားသည် အဓိပ္ပါယ်မရှိသည့်အကြောင်းပြချက်ဖြင့် အီရန်၏ငွေကြေးပိုင်ဆိုင်မှုကို ပိတ်ဆိုထားကြောင်း အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

—————————————
(Chinese Version)

(国际)伊朗与韩国尚未就“被冻结资金”和“被扣押油轮”问题达成一致

 新华社德黑兰1月11日电(记者夏晨)正在伊朗首都德黑兰访问的韩国外交部第一次官崔钟建11日分别与伊朗外交部长扎里夫、中央银行行长赫马提就“被伊朗扣押的韩国油轮”和“伊朗在韩被冻结资金”问题举行会谈,目前双方尚未就此达成一致。
 据伊朗伊斯兰共和国通讯社报道,扎里夫当天在会谈中说,多年来韩国数家银行对伊朗获取其在韩资产、资金进行限制,伊方长期交涉未果,这是目前伊韩关系发展的最大障碍。
鉴于新冠疫情对公共卫生和国家经济的影响,伊方敦促韩国政府采取措施,尽快消除这一障碍。与此同时,扎里夫说,伊朗扣押韩国油轮是因为“该船对相关水域环境造成污染”,这是一个“正在法律框架内处理”的技术问题。
当天早些时候,赫马提在双方会谈中表示,韩方冻结伊朗在韩资产这一行为“不可接受”。
另据韩联社报道,崔钟建敦促伊朗释放被扣押油轮及其船员,并要求伊方提供邮轮污染环境的证据。报道援引一名韩国匿名官员的话说,该船共有船员20人,分别来自韩国、缅甸、印度尼西亚和越南。目前船员安全,身体状况良好。
 此外,伊朗外交部副部长阿拉格希10日在会见崔钟建时说,韩国应避免将油轮被扣事件“政治化”。
  伊朗伊斯兰革命卫队4日在海湾扣押一艘悬挂韩国国旗的油轮,理由是其“多次违反海洋环境相关法律条例”。韩国媒体则认为扣船与韩方冻结伊朗在韩资产有关。
美国政府2018年5月单方面退出伊朗核问题全面协议,随后重启并新增一系列对伊制裁措施。受美国扩大对伊朗制裁影响,韩国两家银行2019年9月起冻结大约70亿美元伊朗资产。伊朗曾数次要求韩国不要因美国制裁而冻结伊朗在韩资金。伊朗政府发言人拉比埃5日说,韩国以“空洞的借口”冻结了伊朗的资产。(完)
图:1:
新华社照片,外代,2021年1月8日
1月6日,在韩国仁川国际机场,韩国代表团成员准备登机前往伊朗。
图说2:
2019年4月30日,伊朗士兵在霍尔木兹海峡巡逻。(新华社发,艾哈迈德•哈拉比萨斯摄)