Connect with us

Africa & Middle East

အလည်အပတ်သီးသန့်အဖြစ် မော်ရိုကိုနိုင်ငံသို့ ဆော်ဒီဘုရင်ရောက်ရှိလာ

ဆော်ဒီဘုရင် ဆယ်လ်မန် ဘင် အဗ္ဗဒူလာဇစ် အယ်ဆော့ဒ် အားတွေ့ရစဉ် (ဆင်ဟွာ)

ရာဘတ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ဆော်ဒီဘုရင် ဆယ်လ်မန် ဘင် အဗ္ဗဒူလာဇစ် အယ်ဆော့ဒ် သည် ဇူလိုင် ၂၄ ရက်တွင် မော်ရိုကိုနိုင်ငံ မြောက်ပိုင်းရှိ Tangier မြို့သို့ သီးသန့်အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ကြောင်း ပြည်တွင်းမီဒီယာ က ဖော်ပြခဲ့သည်။

မော်ရိုကိုနိုင်ငံသို့ ရောက်ရှိလာသော ဆော်ဒီဘုရင်အား မော်ရိုကို ဝန်ကြီးချုပ် Saadeddine El Othmani နှင့် Tanger ဒေသ သမ္မတ Ilyas El Omari တို့ကကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဆော်ဒီ်အဖွဲ့အတွက် မြို့အတွင်းရှိ အကောင်းဆုံးဟော်တယ်များမှ အခန်းပေါင်း ၉၂၄ခန်းနီးပါး တွင် ကြိုတင်စာရင်းပေးထားကြောင်း မော်ရိုကို သတင်းဝက်ဘ်ဆိုက် le360.ma ကဖော်ပြခဲ့သည်။

ထို့အပြင် ဆော်ဒီအဖွဲ့အတွက် ဇိမ်ခံကား စုစုပေါင်း ၄၅၃စီးကို လည်း ပြင်ဆင်ပေးထားကြောင်း သတင်း၌ပါရှိသည်။

ယခင်နှစ်များတွင်လည်း ဆော်ဒီဘုရင်သည် ၎င်း၏ အားလပ်ရက်များကို မော်ရိုကိုနိုင်ငံ ကမ်းရိုးတန်းမြို့တွင် ကုန်ဆုံးခဲ့ကြောင်း သိရသည်။

ဆော်ဒီဘုရင် သည် မော်ရိုကိုနိုင်ငံသို့ မထွက်ခွာခင် ၎င်း၏ သားဖြစ်သူ အိမ်ရှေ့စံ မိုဟာမက်ဘင်ဆယ်လ်မန် အား ၎င်းမရှိစဉ်အတွင်း နိုင်ငံ့အရေးများအား ဆက်လက်ဆောင်ရွက်ရန် ကြိုတင်တာဝန်လွှဲအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.