Connect with us

Africa & Middle East

မော်ရိုကိုတွင် ထောင်ဖောက်ပြေးသူ ၃၃ဦးအား ထောင်ဒဏ် ၂၄နှစ်ချမှတ်

ဆူပူထကြွမှုဖြစ်ပွားခဲ့သော Oukacha အကျဉ်းထောင် အတွင်းရှိ အကျဉ်းခန်းများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရာဘတ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

မော်ရိုကို တရားရုံးက လူ ၃၃ဦးအား လွန်ခဲ့သည့် ၂နှစ်က ထောင်ဖောက်ပြေးရန် ကြိုးစားမှုများဖြင့် ထောင်ဒဏ် ၂၄နှစ် ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင် MAP သတင်းဋ္ဌာန က ဇူလိုင် ၂၄ရက်တွင် ဖော်ပြခဲ့သည်။

၂၀၁၅ခုနှစ် သြဂုတ်လ တွင် Casablanca မြို့ Oukacha အကျဉ်းထောင် ရှိ ကလေးသူငယ် ပြုပြင်ထိန်းသိမ်းရေး စင်တာ တွင် ဆယ်ကျော်သက်များပါဝင်သော အုပ်စုတစ်ခု သည် ထရပ်ကား ၃စီးကို ယူဆောင်၍ ထောင်ဖောက်ပြေးရန် မကြိုးစားခင် အကျဉ်းထောင်အတွင်း မငြိမ်မသက်ဖြစ်စေရန် မီးရှို့ခဲ့ပြီး အစောင့်များအား တိုက်ခိုက်ကာ ၎င်းတို့၏ လက်နက်များကိုခိုးယူခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ လျင်မြန်စွာဝင်ရောက်ထိန်းသိမ်းမှု နှင့် ကျည်ဆန်များအသုံးပြုကာ တားဆီးမှုတို့ကြောင့် အကျဉ်းထောင်ဖောက်ရန် ကြိုးစားသူများကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝိုင်းထားသည့် အကျဉ်းထောင်အတွင်းသို့ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ နောက်ထပ် ဒဏ်ရာရရှိမှုများ မရှိစေရန် အကျဉ်းထောင်ဝင်းရှိ အကျဉ်းသားများကို ထိန်းသိမ်းပြီး အခြေအနေတည်ငြိမ်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ တားဆီးထိန်းသိမ်းမှု ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂၈ဦးအပါအဝင် လူ ၃၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.