Connect with us

Africa & Middle East

အာဖဂန် မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာလီဘန် ဘဏ္ဍာရေးမှူး အား သုတ်သင်ရှင်းလင်းနိုင်ခဲ့

အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ အချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဆာမန်ဂန်ပြည်နယ် တွင် အကြီးတန်း တာလီဘန် ဘဏ္ဍာရေးမှူး အား အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များက သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၂၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ဆာမန်ဂန်ပြည်နယ် ဒါရာ အယ် ဆော့ဖ် ခရိုင် ဒိုင်ကွန်ဒီ ကျေးရွာ ရှိ တာလီဘန်စစ်သွေးကြွတို့၏ စခန်းတစ်ခုအား အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့စဉ် Zubair အဖြစ် သိကြသည့် Mullah Ramzullah အမည်ရှိ တာလီဘန်ဘဏ္ဍာရေးမှူး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

Mullah Ramzullah သည် နာမည်ဆိုးဖြင့်ကျော်ကြားသော အဓိကကျသည့် ပြည်တွင်း တာလီဘန်စစ်သွေးကြခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ၎င်းအားသုတ်သင်နိုင်ခြင်းသည် ဆာမန်ဂန် နှင့် ပတ်ဝန်းကျင် ဧရိယာများရှိ စစ်သွေးကြွများအပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။တာလီဘန်စစ်သွေးကြွဘက်မှ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117