Connect with us

Africa & Middle East

အီဂျစ် နိုင်ငံ Sinai ကျွန်းဆွယ် တွင် ကားဗုံး ဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ လူ ၇ ဦး သေဆုံး

ဇူလိုင်လ ၁၄ ရက်နေ့က အီဂျစ် နိုင်ငံ ရှိ စစ်ဆေးရေး ဂိတ်တစ်ခု တိုက်ခိုက်ခံရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ က Sinai ပြည်နယ် Arish မြို့ အနီးရှိ စစ်ဆေးရေး ဂိတ် တစ်ခု သည် ကားဗုံးဖြင့် တိုက်ခိုက်မှု ခံခဲ့ရပြီး အရပ်သား ၇ ဦး သေဆုံး ခဲ့ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် တိုက်ခိုက်သူ သည် ကားဖြင့် ပေါက်ကွဲစေနိုင်သည့် ပစ္စည်း စုစုပေါင်း အလေးချိန် ၁၀၀ ကီလိုဂရမ် ခန့် သယ်ဆောင်လာခဲ့ပြီး စစ်ဆေးရေး ဂိတ်ကို တိုက်ခိုက်ရန် ကြံစည် ခဲ့ကြောင်း ၊ စစ်ဘက် ဆိုင်ရာ က ၎င်းတိုက်ခိုက်မှု ဆောင်ရွက်မည့်ကားမှ စစ်ဆေးရေး ဂိတ်နှင့် ၂၀၀ ကီလိုမီတာ အကွာအဝေး သို့ရောက်ရှိစဉ်၌ တင့်ကား ဖြင့် တားဆီးမှု ပြုခဲ့ရာ တိုက်ခိုက်သူ က တင့်ကား အနီးတွင် ဗုံးကို ဖောက်ခွဲခဲ့ကြောင်း ၊ ပေါက်ကွဲမှု ကြောင့် ကလေးငယ် ၂ ဦး အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံး ခဲ့ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် စစ်ဘက်ဆိုင်ရာ မှ ယင်း တိုက်ခိုက်မည့် ကားကို တားဆီး နိုင်ခဲ့ခြင်း မရှိဘဲ စစ်ဆေးရေး ဂိတ်တွင် ပေါက်ကွဲ ခဲ့ပါက လူပေါင်းများစွာ သေဆုံးနိုင်မည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။ သို့သော် ထုတ်ပြန်ချက်တွင် တိုက်ခိုက်မှု သည် မည်သည့် အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ကို ရေးသားဖော်ပြခြင်း မရှိကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ Sinai ပြည်နယ် Arish မြို့ ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု ကို ဆောင်ရွက်ခဲ့ကြောင်း ကြေညာခြင်း မရှိခဲ့ပေ။

လတ်တလော လများတွင် အီဂျစ် နိုင်ငံ ၏ လုံခြုံရေး အခြေအနေ သည် ဆိုးရွား လာခဲ့ပြီး ဧပြီလ ၉ ရက်နေ့ က အီဂျစ် နိုင်ငံ မြောက်ပိုင်း မြို့များတွင် အကြမ်းဖက် တိုက်ခိုက်မှု များ ဖြစ်ပွား ခဲ့သည်။ အီဂျစ် နိုင်ငံ သမ္မတ က အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပွား ပြီးနောက်တွင် အရေးပေါ် အခြေအနေ ၃ လ သတ်မှတ်ခဲ့ပြီး ယခုလ ၁၀ ရက်နေ့ တွင် ၃ လ ထပ်မံ တိုးမြှင့်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.