Connect with us

Africa & Middle East

(နိုင်ငံတကာကပ်ရောဂါသတင်းစုစည်းချက်) အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ကပ်ရောဂါ ဆက်လက် ပြန့်ပွားနေပြီး အစ္စရေးနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၅ သိန်းကျော်ထိ ရောက်ရှိလာ

အစ္စရေး နိုင်ငံတက္ကသိုလ်တစ်ခု တွင် ကျောင်းသူတစ်ဦး နှာခေါင်းစည်းတပ်၍ ပိုးသတ်ဆေးဖျန်းထားသည့် အခန်း တွင် ဖြတ်တမ်းသွားလာနေရစဉ်(ဆင်ဟွာ)

ရီယာ ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဆင်ဟွာသတင်းဌာန ၏ အရှေ့အလယ်ပိုင်းဒေသရှိ သတင်းထောက်များ၏ သတင်းစုစည်းချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ကပ်ရောဂါသည် ဆက်လက်ပြန့်ပွါးနေပြီး အချို့နိုင်ငံများတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းအခြေအနေ ကို တင်းကျပ်လာခဲ့ကြောင်း ၊ အစ္စရေး နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၅ သိန်းကျော်အထိ ရောက်ရှိလာခဲ့ပြီး တူနီးရှား နိုင်ငံ အနေဖြင့် ဘက်စုံပိတ်ဆို့မှုများဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၉,၂၄၂ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၅၀၈,၆၀၄ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၆၁ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၃,၇၅၆ ဦးရှိကြောင်း ၊ COVID-19 ရောဂါ ကူးစက်ခံရမှုမှ ရောဂါပြန်လည် သက်သာလာသူ ၅,၃၃၀ ဦးရှိခဲ့ပြီး ရောဂါမှပြန်လည်သက်သာလာသူ စုစုပေါင်း ၄၂၉,၄၄၀ ဦးရှိကြောင်း သိရှိရသည်။ အစ္စရေးနိုင်ငံက ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ ဇန်နဝါရီလ ၁၂ ရက်တွင် အစ္စရေး နိုင်ငံ ၌ COVID-19 ရောဂါ ဝေဒနာပြင်းထန်စွာ ခံစားနေရသူ ၁၀၇၂ ဦး အထိ ရှိခဲ့ကာ စံချိန်သစ် ဖြစ်ခဲ့ရကြောင်း ၊ အစ္စရေးနိုင်ငံတွင် ဇန်နဝါရီ ၁၂ ရက် မှ စတင်၍ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု ကို တိုးချဲ့ဆောင်ရွက်လာခဲ့ပြီး သင်ကြားရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်သူများ နှင့် အသက် ၅၅ နှစ် နှင့် ၆၀ နှစ် အတွင်း လူများကို ပါ ကာကွယ်ဆေး ထိုးနှံပေးသူစာရင်းတွင် ပါဝင်လာကာ လက်ရှိချိန်တွင် လူပေါင်း ၁.၉ သန်းခန့်အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

တူနီးရှားနိုင်ငံ အစိုးရ ၏ ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၂,၅၈၆ ဦးရှိခဲ့ပြီး ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၆,၄၉၃၆ ဦးရှိခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၅၉ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၅,၃၄၃ ဦးရှိခဲ့ကာ COVID-19 ရောဂါ မှ ပြန်လည်သက်သာလာသူ ၁၂၀,၉၉၉ ဦးရှိကြောင်း ၊ တူနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကပ်ရောဂါ ပြန့်ပွါးမှုအား ဟန့်တားရန် အတွက် ဇန်နဝါရီ ၁၄ ရက် မှ ၁၇ ရက် အတွင်း နယ်စပ်အားလုံး ဘက်စုံပိတ်ဆို့မှုကို ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပြီး ပိတ်ဆို့မှုဆောင်ရွက်သည့် ကာလအတွင်း နေ့စဉ် ၁၆ နာရီ မှ နောက်နေ့နံနက် ၆ နာရီ အထိ ညမထွက်အမိန့်အဖြစ် ကြေညာခဲ့ကာ နိုင်ငံအတွင်းရှိ ကျောင်းများအားလုံး နှင့် သင်တန်းပို့ချသည့် အဖွဲ့အစည်းများအားလုံး ကိုလည်း ဇန်နဝါရီ ၁၄ ရက် မှ ၂၄ ရက် အတွင်း ပိတ်သိမ်းထားရမည် ဟု ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန က ဇန်နဝါရီ ၁၂ ရက် ၌ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း နှင့် ဂါဇာဒေသတွင် COVID-19 ရောဂါ အခြေအနေက ကောင်းမွန်လာပြီး နေ့စဉ် COVID-19 ရောဂါ ထပ်မံကူးစက်ခံရမှုသည် ၅ ရက်ဆက်တိုက် လူဦးရေ တစ်ထောင်အောက် အထိ လျော့ကျလာခဲ့ကြောင်း ၊ COVID-19 ရောဂါ မှ ပြန်လည်သက်သာလာသည့် ရာခိုင်နှုန်းမှာလည်း ပိုမိုမြင့်တက်လာခဲ့ပြီး လက်ရှိချိန်တွင် ၉၀ ရာခိုင်နှုန်းအထိရောက်ရှိလာခဲ့ကြောင်း ၊ ဇန်နဝါရီ ၁၂ ရက်တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၇၉၇ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၆၇,၆၇၄ ဦး အထိရောက်ရှိလာခဲ့ကြောင်း ၊ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁၆ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁,၇၈၄ ဦးရှိခဲ့ကြောင်း ၊ COVID-19 ရောဂါ မှ ပြန်လည်သက်သာလာသူ ၁,၄၄၁ ဦး ရှိခဲ့ပြီး COVID-19 ရောဂါ မှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၁၅၀,၈၃၄ ဦးရှိကြောင်း သိရှိရသည်။

အိုမန် နိုင်ငံအစိုးရ ၏ ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါ ထပ်မံကူးစက်ခံရူ ၁၆၄ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၃၀,၉၄၄ ဦးရှိကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၅၀၈ ဦးရှိပြီး ရောဂါမှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၁၂၃,၁၈၇ ဦးရှိကြောင်း သိရှိရသည်။

အိုမန် နိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသား အမြင့်ဆုံးကော်မတီ က COVID-19 ရောဂါ အခြေအနေ ပြန်လည်ကောင်းမွန်လာသည့် အတွက် ဇန်နဝါရီ ၁၇ ရက် မှ စတင်၍ စာသင်ကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ၊ ကော်မတီ က ပြည်သူလူထုအနေဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ်ချက် များကို လိုက်နာရန် တောင်းဆိုခဲ့ပြီး ကန့်သတ်ချက်မလိုက်နာသူများကို ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂,၆၀၀ ခန့် နှင့်ညီမျှသော ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

အီရန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ကြေညာချက်အရ အီရန်နိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၆၄၀၈ ဦးရှိခဲ့ပြီး ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁,၂၉၉,၀၂၂ ဦးရှိကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၉၈ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၅၆,၃၆၀ ဦးရှိကြောင်း ၊ COVID-19 ရောဂါ မှ ပြန်လည်သက်သာလာသူ ၆,၇၂၀ ဦးရှိကာ ရောဂါ မှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၁,၀၈၈,၄၅၆ ရှိကြောင်း သိရှိရသည်။ အီရန်နိုင်ငံ ၏ ပထမဦးဆုံးသော ကိုယ်ပိုင်တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးသည် ပထမ အဆင့် လူဖြင့် လက်တွေ့စမ်းသပ်မှု ပြုလုပ်နေပြီး လုပ်အားပေး ပထမ အဖွဲ့ အနေဖြင့် ဇန်နဝါရီ ၁၂ ရက် တွင် ကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံခဲ့ကြောင်း ၊ ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းကို ခံယူခဲ့ကြကြောင်း သိရှိရသည်။

လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၄,၅၅၇ ဦးရှိခဲ့ပြီး ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၂,၆၉၄၈ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၃၂ ဦး ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးခဲ့သည်ဟု နောက်ကြောင်းခံ ပြန်လည်စစ်ဆေးမှုကြောင့် သိရှိခဲ့ရသည့် ၄၄ ဦး နှင့်ပေါင်း၍ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၇၀၅ ဦးရှိခဲ့ကာ ရောဂါမှ ပြန်လည် သက်သာလာသူ ၁၄၄,၈၅၉ ဦးရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီ ၁၂ ရက်တွင် အခြားနိုင်ငံများ ၏ COVID-19 ရောဂါ ကူးစက်ခံရမှုစုစုပေါင်း နောက်ဆုံး ထုတ်ပြန်ကြေညာချက်မှာ တူရကီ နိုင်ငံ တွင် ၂,၃၄၆,၂၈၅ ဦး ၊ အီရတ်နိုင်ငံတွင် ၆၀၄,၅၄၉ ဦး ၊ မော်ရိုကိုနိုင်ငံတွင် ၄၅၂,၉၈၈ ဦး ၊ ဆော်ဒီအာရေဗျနိုင်ငံတွင် ၃၆၄,၀၉၆ ဦး ၊ ဂျော်ဒန်နိုင်ငံတွင် ၃၀၉,၈၄၆ ဦး ၊ ကူဝိတ်နိုင်ငံတွင် ၁၅၅,၃၃၅ ဦး ၊ ကာတာနိုင်ငံတွင် ၁၄၆,၂၇၉ ဦး ၊ လစ်ဗျားနိုင်ငံတွင် ၁၀၆,၀၃၀ ဦး ၊ ဘာရိန်နိုင်ငံတွင် ၉၆,၁၉၅ ဦး ဖြစ်ပြီး ဆီးရီးယားနိုင်ငံ တွင် ၁၂,၅၅၈ ဦး အသီးသီးဖြစ်ကြကြောင်း သိရှိရသည်။ (Xinhua)

—————————————
(Chinese Version)
(国际疫情)综合消息:中东地区新冠疫情持续蔓延 以色列累计确诊病例逾50万

  新华社利雅得1月12日电综合新华社驻中东地区记者报道:中东地区新冠疫情持续蔓延,一些国家防控形势严峻,以色列累计确诊病例超50万例,突尼斯决定采取全面封禁等措施。
  以色列卫生部12日报告新增确诊病例9242例,累计确诊508604例;新增死亡病例61例,累计死亡3756例;新增治愈病例5330例,累计治愈429440例。数据显示,当日以色列重症病例达创纪录的1072例。该国从12日起进一步扩大新冠疫苗接种人群,开始为教职工、55岁至60岁人群接种疫苗,目前已有约190万人接种。
  突尼斯12日报告新增确诊病例2586例,累计确诊164936例;新增死亡病例59例,累计死亡5343例;累计治愈120999例。为遏制疫情进一步蔓延,突尼斯卫生部门决定,1月14日至17日在全境实行全面封禁,封禁期间每天16时至第二天6时实行宵禁;全国学校和教育培训机构将在14日至24日期间停课。
  巴勒斯坦卫生部12日表示,约旦河西岸和加沙地带新冠疫情形势正在改善,单日新增病例数连续5天下降到1000例以下。新冠患者康复率进一步提高,目前已达到90%。巴卫生部网站当日报告新增确诊病例797例,累计确诊167674例;新增死亡病例16例,累计死亡1784例;新增治愈病例1441例,累计治愈150834例。
  阿曼12日报告新增新冠确诊病例164例,累计确诊130944例,累计死亡1508例,累计治愈123187例。由于疫情趋缓,阿曼疫情防控全国最高委员会当天决定,自17日起学校教学恢复正常。该委员会还要求公民遵守防疫规定,对不遵守者将处以1000阿曼里亚尔(约合2600美元)的罚款。
  伊朗卫生部12日报告,该国新增新冠确诊病例6408例,累计确诊1299022例;新增死亡病例98例,累计死亡56360例;新增治愈病例6720例,累计治愈1088456例。伊朗正对首款自主研发的新冠疫苗进行I期临床试验,第一组志愿者12日注射试验的第二针。他们在2020年12月29日注射了第一针。
  黎巴嫩卫生部12日报告新增确诊病例4557例,累计确诊226948例;新增死亡病例32例,加上另外44例追认为死于新冠病毒感染的病例,累计死亡病例达到1705例;累计治愈144859例。
还有一些国家12日更新了累计确诊病例数:土耳其2346285例,伊拉克604549例,摩洛哥452988例,沙特阿拉伯364096例,约旦309846例,科威特155335例,卡塔尔146279例,利比亚106030例,巴林96195例,叙利亚12558例。(执笔记者:涂一帆;参与记者:尚昊、苏小坡、夏晨、王峰、陈斌杰、刘宗亚、王尚、郑思远、张淼、黄灵、王薇、熊思浩、杨元勇、潘晓菁、李碧念)(完)

Photo
 9月8日,在位于以色列中部城市拉马特甘的巴尔伊兰大学入口处,戴口罩的学生穿过一条消毒通道。 以色列多地的公共场所设立消毒通道,当行人通过时,通道可自动向行人喷洒消毒液,以防止新冠病毒传播。 新华社发(吉尔•科恩•马根摄)