Connect with us

Asia

ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး တရုတ် သမ္မတ ရှီနှင့် ရုရှား သမ္မတ ပူတင်တို့ ကတိပြု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် နိုဝင်ဘာလ ၁၀ ရက်တွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မာရေးနှင့် ဒေသတွင်း၊ နိုင်ငံတကာရေးရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတ နှစ်ဦးသည် ၂၅ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးအား ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပစဉ်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဘုံ အမျိုးသား အကျိုးစီးပွား ကာကွယ်ရာတွင် တစ်ဦးနှင့် တစ်ဦး အခိုင်အမာ ထောက်ပံ့မှုရှိကြောင်း၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ပိုမို ခိုင်မာမှုရှိကြောင်း ရှီက ပြောကြားခဲ့ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ မှန်ကန်သည့် ယုံကြည်မှုရှိသော မဟာဗျူဟာမြောက် မိတ်ဖက်များလည်း ဖြစ်သည်ဟု ဆိုသည်။

တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ဖြင့် အပြန်အလှန် လေးစားမှု၊ မျှတမှု၊ တရားမျှတမှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအား မီးမောင်းထိုးပြသည့် နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ်အတွက် ဥပမာကောင်း တစ်ခုအား တည်ဆောက်ထားခဲ့ကြောင်း တရုတ် သမ္မတ ရှီက ဆိုသည်။

ရုရှား သမ္မတ ပူတင်ကလည်း တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ရုရှား-တရုတ် မိတ်ဖက် ဆက်ဆံရေး တိုးတက်မှုသည် ရုရှားနိုင်ငံ၏ ဦးစားပေးအနေဖြင့် အမြဲတစေ ထားရှိမည်ဟု ကတိပြုကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ရုရှားက အသင့်ရှိပါကြောင်း၊ APEC ကဲ့သို့ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအတွင်း နီးကပ်စွာ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် တည်ဆောက်ရာတွင် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပူတင်က ဆိုသည်။ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကိုရီးယားကျွန်းဆွယ်အခြေအနေ အပါအဝင် ဘုံ ဆက်စပ်သည့် ကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ (Xinhua)