Connect with us

Asia

ကမ္ဘောဒီးယားအတိုက်အခံပါတီ ဒုတိယခေါင်းဆောင်အား ရုံးတော်၌ အစစ်ဆေးခံရန်ငြင်းပယ်ခြင်း အမှုဖြင့် ကြားနာစစ်ဆေး

ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံပါတီ မှ ဒုတိယခေါင်းဆောင် Kem Sokha အားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဖနွမ်းပင် ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံပါတီ ဒုတိယခေါင်းဆောင် Kem Sokha အား ပြည့်တန်ဆာ အမှုတစ်ခုတွင် ရုံးတော်၌ အစစ်ဆေးခံရန် အယူခံငြင်းပယ်မှုအတွက် ဖနွမ်းပင်တရားရုံးက စက်တင်ဘာလ ၉ ရက်တွင် စတင် စစ်ဆေးနေကြောင်း သိရသည်။

Kem အားထောက်ခံသူ ဒါဇင်ပေါင်းများစွာသည် တရားရုံးပြင်ပ၌ စည်းရုံးရောက်ရှိနေပြီး လုံခြုံရေးကိုလည်း တင်းကျပ်စွာ ချထားကြောင်း သိရသည်။ ထို့ပြင် ၎င်းအားထောက်ခံသည့် အခြား ရာပေါင်းများစွာသော ထောက်ခံသူများသည် ဖနွမ်းပင်မြို ့တောင်ပိုင်း အစွန်အဖျားရှိ အတိုက်အခံပါတီ ( ကမ္ဘောဒီးယားအမျိုးသားကယ်ဆည်ရေးပါတီ – CNRP ) ရုံးစိုက်ရာတွင် စုဝေးရောက်ရှိနေကြကြောင်း သိရသည်။ Kem က ၎င်းအားဖမ်းဆီးမည်ကို စိုးရိမ်၍ အဆိုပါ ပါတီဌာနချုပ်၌ မေလက စတင် ပုန်းအောင်းနေခဲ့ကြောင်း သိရသည်။
CNRP ပါတီ ဒုတိယဥက္ကဋ္ဌ Kem Sokha သည် တရားရုံးနှစ်ခု ၏ ဆင့်ခေါ်စာကို မသိကျိုးကျွံပြုခဲ့ပြီးနောက် မေလတွင် ရုံးတော်၌ အစစ်ခံရန် ငြင်းပယ်ခြင်း ပြစ်မှုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။အဆိုပါ ပြစ်မှုကြောင့် Kem သည် ထောင်ဒဏ် တစ်လ မှ ၆ လ အထိချမှတ်ခံရနိုင်ဖွယ် ရှိနေသည်။
Kem Sokha နှင့် အပျော်မယားတစ်ဦးတို့အကြား တယ်လီဖုန်းဖြင့် လိင်ပိုင်းဆိုင်ရာပြောဆိုမှု အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက်တွင် Kem သည် ပြည့်တန်ဆာမှုဖြင့် စွပ်စွဲခံခဲ့ရသည်။ အဆိုပါ အသံဖိုင်တွင် လိင်ဆက်ဆံခြင်းအကြောင်း ၊ ကိုယ်ဝန်အကြောင်း နှင့် အပျော်မယားအား အိမ်ငှားထားပေးသည့် အကြောင်းအရာများ ဆွေးနွေးပြောဆိုထားကြောင်း သိရသည်။
အဆိုပါ အသံဖိုင်ကိစ္စ နှင့်ပတ်သက်၍ Kem က မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိဘဲ ၎င်းအားထောက်ခံနေသူများအား ရန်စမှုများကို လက်တုံ့ပြန်ခြင်း မပြုရန် အကြံပြုထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.