Connect with us

Asia

အင်ဒိုနီးရှား အနောက်ပိုင်းတွင် လှေနစ်မြုပ်ပြီးနောက် သေဆုံးသူ ၇ ဦးအား ဆယ်ယူရရှိ

လှေမှောက်ပြီးနောက် ပြန်လည်ဆယ်ယူနိုင်ခဲ့သည့် ခရီးသည် ရုပ်အလောင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် လှေ တစ်စီး နစ်မြုပ်ခဲ့ပြီးနောက် သေဆုံးသူ ၇ ဦး၏ ရုပ်အလောင်းများအား ဆယ်ယူရရှိခဲ့ကြောင်း သဘာဝဘေး အေဂျင်စီ အရာရှိတစ်ဦးက အောက်တိုဘာလ ၉ ရက်၌ ပြောကြားခဲ့သည်။

ဂျာဗားပြည်နယ် အရှေ့ပိုင်းရှိ လမွန်ဂန်ခရိုင်နှင့် တူဘန်ခရိုင် နယ်စပ်တွင်တည်ရှိသော ဘန်ဂျဝန် ဆိုလိုမြစ်အတွင်း အောက်တိုဘာလ ၇ ရက်က လှေတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သဘာဝလေး စီမံခန့်ခွဲမှုလုပ်ငန်း၏ ပြောရေးဆိုခွင့်ရှိသူ စူတိုပို ပါဝို နက်ဂ်ရိုဟိုက ပြောသည်။ပျောက်ဆုံးနေသူများအားလုံး၏ ရုပ်အလောင်းကို ရပြန်လည် ဆယ်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း စူတိုပိုက ဆင်ဟွာသို့ ပြောသည်။ယင်း လှေသည် ခရီးသည် အလွန်အကျွံ တင်ဆောင်ခြင်းကြောင့် နစ်မြုပ်ရခြင်း ဖြစ်ပြီး ခရီးသည် ၁၈ ဦးအား ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း စုတိုပိုက ဖြည့်စွက် ပြောကြားခဲ့သည်။အင်ဒိုနီးရှားသည် ကျွန်းစုနိုင်ငံ ဖြစ်သည့်အားလျော်စွာ သယ်ယူပို့ဆောင်ရေးအတွက် လှေများအား အသုံးပြုနေကြသော်လည်း ဘေးကင်းလုံခြုံမှုအတွက်မူ အားနည်းနေဆဲ ဖြစ်သည်။ (Xinhua)