Connect with us

Asia

တရုတ်-လာအို ရထားလမ်းဥမင် နယ်စပ် မြေတူးခြင်းလုပ်ငန်း ပြီးစီး

တရုတ်-လာအို ချစ်ကြည်ရေးရထားလမ်းတူးမြောင်း တည်ဆောက်ရေးလုပ်ငန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မေ ၂၁ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ မြောက်ပိုင်းမှ တရုတ်နိုင်ငံ နယ်စပ် ချစ်ကြည်ရေးဥမင်တစ်လျှောက် မြေတူးခြင်းလုပ်ငန်း ပြီးစီးသွားပြီဖြစ်ကြောင်း China Railway No.2 Engineering (CREC-2) က ဆင်ဟွာသတင်းဌာနသို့ မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

လပေါင်း ၃၇ လကြာ ခက်ခက်ခဲခဲလုပ်ကိုင်ပြီးနောက် တရုတ်-လာအို ချစ်ကြည်ရေးရထားလမ်းဥမင်သည် မေ ၂၀ ရက်တွင် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမှ ၃၇၀ ကီလိုမီတာခန့်အကွာ၊ Boten မြို့မှ တရုတ်နိုင်ငံ နယ်စပ်အထိ ထွင်းဖောက်သွားခဲ့ပြီဖြစ်သည်။ တရုတ်-လာအို ချစ်ကြည်ရေးရထားလမ်းဥမင်ကို လာအို-တရုတ်နယ်စပ်တစ်လျှောက် ချိတ်ဆက်ထားခြင်းဖြစ်ပြီး China Railway Eryuan Engineering Group က ပုံစံထုတ်ထားကာ CREC-2 က တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဥမင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည့် ရထားလမ်းတည်ဆောက်မှုအတွက် ခိုင်မာသောအခြေခံအုတ်မြစ်အဖြစ် တည်ရှိမည်ဖြစ်သည်။

အဆိုပါ ချစ်ကြည်ရေးဥမင်သည် လာအိုနိုင်ငံ မြောက်ပိုင်း၌ တည်ရှိကာ အရှည်အားဖြင့် ၉,၉၅၉ မီတာရှိပြီး လာအိုဘက်အခြမ်းတွင် ၂,၄၂၅ မီတာရှိကြောင်း နှင့် မြေအောက် အနက် ၂၄၃ မီတာထိ  ဖောက်လုပ်ထားကြောင်း သိရသည်။

တောင်များအကြား ဥမင်ဖောက်လုပ်ရာတွင် မီတာ ၁၀၀ ကျော်အထူရှိသော ဆားလွှာတစ်ခုကို ထိုးဖောက်ခဲ့ရပြီး ဆားပျော်ဝင်မှု ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ယင်းမှာ ဥမင်တည်ဆောက်ရေး ဘေးကင်းစိတ်ချမှုအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်စေကြောင်း သိရသည်။

မကြာခဏ ရေစီးခြင်းနှင့် ပြိုကျခြင်းများ ကြုံရသည့် ဥမင်၏ ဘူမိဗေဒအခြေအနေ အားနည်းမှုကြောင့် စီမံကိန်းဌာနက ဘူမိဗေဒဆိုင်ရာ ကြိုတင်ခန့်မှန်းမှုနှင့် အချက်အလက်စုဆောင်းမှုကို အားစိုက်လုပ်ကိုင်ခဲ့ရသည်။ ၎င်းတို့သည် စီမံကိန်း ဘေးကင်းမှု၊ အရည်အသွေးရှိမှုနှင့် တိုးတက်မှုရှိစေရန် ဆောက်လုပ်ရေးအစီအစဉ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရေးအတွက် အစည်းအဝေးများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ ဖော်ဆောင်မှုနှင့် ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ အချက်အခြာကျသောဒေသအဖြစ်သို့ ပြောင်းလဲရေး လာအိုနိုင်ငံ၏ မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်သည့် စီမံကိန်းတစ်ခု ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင်  ဖြတ်သန်းသွားရေးအတွက် စတင်ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117