Connect with us

Asia

တောင်ကိုရီးယား အမျိုးသမီး တစ်ဦး ဗီယက်နမ်မှ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရ

ကျန်းမာရေး လုပ်သား တစ်ဦးမှ ခြင်ဆေး ဖြန်းနေစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟိုချီမင်း စီးတီး၊ မေ ၉ ရက် (ဆင်ဟွာ)

အသက် ၂၅ နှစ်အရွယ် တောင်ကိုရီးယား အမျိုးသမီး တစ်ဦးသည် ဗီယက်နမ် နိုင်ငံမှ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိ ခံနေရသည်ဟု ဒေသဆိုင်ရာ မီဒီယာက မေလ ၉ ရက်က တင်ပြထားသည်။

တောင်ကိုရီးယား၏ လေးဦးမြောက် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ အမျိုးသမီးမှာ ဗီယက်နမ် နိုင်ငံတွင် တစ်လခန့် အလုပ် လုပ်ကိုင်ခဲ့ပြီး မေလ ၁ ရက်က တောင်ကိုရီးယားသို့ ပြန်လည် ရောက်ရှိလာ ခဲ့သည်။

၎င်းအား ဇီကာဗိုင်းရပ်စ် ကူးစက် ခံထားရကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနက အတည်ပြု ထားပြီးလည်း ဖြစ်သည်။

ထိုအမျိုးသမီးမှာ ဗီယက်နမ်တွင် ရောဂါပိုး ကူးစက်ခံရခြင်း ဖြစ်သည် ဆိုပါက ဗီယက်နမ် နိုင်ငံ၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု သုံးခုရှိလာမည် ဖြစ်သည်။ ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုမှာ Khanh Hoa ပြည်နယ် အလယ်ပိုင်း၌ တွေ့ရှိခဲ့ပြီး ဒုတိယမြောက် ကူးစက်ခံရမှုအား ဟိုချီမင်း စီးတီးတွင် ဧပြီလ အတွင်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)