Connect with us

Asia

ဖိလစ်ပိုင် ခရစ်ယာန် ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်သူမှာ အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ကြောင်း အတည်ပြု

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း Jolo မြို့ ၌ ဇန်နဝါရီလက ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တာဝန်ရှိသူများ လိုက်လံ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း Jolo မြို့၌ ဇန်နဝါရီလ ၂၇ ရက်က ဖြစ်ပွားခဲ့သော ခရစ်ယာန် ဘုရားကျောင်း ဗုံးခွဲ တိုက်ခိုက် မှု ကျူးလွန်သူများမှာ အင်ဒိုနီးရှား နိုင်ငံသား စုံတွဲ တစ်တွဲ ဖြစ်ကြောင်း မျိုးရိုးဗီဇ (DNA) စစ်ဆေးချက်များ ပြုလုပ် ခဲ့ပြီးနောက် အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်မှုဖြင့် မျိုးရိုးဗီဇ ကို စစ်ဆေး ခဲ့ရာတွင် အင်ဒိုနီးရှား နိုင်ငံရှိ ၎င်းတို့မိဘများ၏ မျိုးရိုးဗီဇ နှင့် ထပ်တူထပ်မျှ ကိုက်ညီနေကြောင်း ရဲတပ်ဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ Dedi Prasetyo က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။“သူတို့က သေချာပေါက် အင်ဒိုနီးရှား နိုင်ငံသားတွေပါ။ DNA စစ်ဆေးချက်က ၉၀ ရာခိုင်နှုန်း တိကျ မှန်ကန် ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ အင်ဒိုနီးရှား စုံတွဲမှာ ယောင်္ကျား ဖြစ်သူ Rullie Rian Zeke နှင့် မိန်းမ ဖြစ်သူ Ulfah Handayani Saleh တို့ဖြစ်ကြကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့သည် အင်ဒိုနီးရှား နိုင်ငံ တောင်ပိုင်း ဆူလာဝေစီ ပြည်နယ်၏ မြို့တော် မတ်ကာဆာ မြို့အခြေစိုက် ဂျာမက် အန်ရှာ အူဒူလာ(JAD) အဖွဲ့ဝင်များ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Dedi က ပြောကြားခဲ့သည်။

JAD အဖွဲ့သည် အိုင်အက်(IS) တို့ကို သစ္စာခံထားသော အင်ဒိုနီးရှား နိုင်ငံရှိ ပြည်တွင်း အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့သောနှစ် သြဂုတ်လတွင် အင်ဒိုနီးရှား နိုင်ငံ အာဏာပိုင်များက ၎င်းတို့အဖွဲ့အား ပိတ်ပင်ခဲ့ကြောင်း ၊ အင်ဒိုနီးရှား နိုင်ငံရှိ စီးပွားရေး ဒေသများ နှင့် ခရစ်ယာန် ဘုရားများအား ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ပြည်သူ အများအပြား သေဆုံးခဲ့ရသဖြင့် ပြစ်တင် ဝေဖန်မှုများ ခံခဲ့ရကြောင်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံ၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက ရောက်ရှိနေသော ဗုံးခွဲတိုက်ခိုက်သူ အဆိုပါ စုံတွဲသည် ၂၀၁၇ ခုနှစ်တွင် တူရကီ နိုင်ငံမှ နယ်နှင် ခံထားရသော မှတ်တမ်း ရှိကြောင်း ၊ ၎င်းတို့သည် ဖိလစ်ပိုင် နိုင်ငံထဲသို့တရားမဝင် လမ်းကြောင်းမှ တဆင့် ခိုးဝင်လာခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Dedi ၏ ပြောကြားချက် အရ သိရသည်။

၎င်းတို့၏ ယခင်မှတ်တမ်းများကို ကိုးကား၍ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Dedi က အဆိုပါ စုံတွဲသည် JAD အဖွဲ့၏ အစီအစဉ်ဖြင့် ဗုံးခွဲခဲ့ကြခြင်း ဖြစ်ကြောင်း ၊ ၎င်းတို့သည် အစွန်းရောက် ဝါဒများ သင်ကြားခံရခြင်း နှင့် အတူ အယူအဆများ ရိုက်သွင်းခံခဲ့ရကြောင်း သိရသည်။Jolo မြို ့ရှိ ခရစ်ယာန် ဘုရားကျောင်း၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု နှစ်ခုကြောင့် လူ ၂၃ ဦး သေဆုံးကာ ၁၀၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117