Connect with us

Asia

အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးသည် ရှောင်လွှဲမရသော အရေးကြီးကိစ္စဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း နှင့် မြန်မာ နိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး အားတွေ့ ရစဉ် (ဆင်ဟွာ)

စင်ကာပူ ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့သုံးရက်ကြာချစ်ကြည်ရေးခရီးစဉ်သွားရောက်လည်ပတ်စဉ် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးသည် ရှောင်လွှဲ၍ မရသော မြန်မာနိုင်ငံအတွက် အရေးကြီးကိစ္စရပ်များဖြစ်ကြောင်း နှင့် ၎င်းသည် ရွေးချယ်ရမည့် ကိစ္စမျိုးမဟုတ်ကြောင်း ပြောကြားခဲ့သည်။

၂ဝ၁၆ ခုနှစ် မတ်လတွင် နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ်အဖြစ် တင်မြှောက်ခံရပြီးနောက် ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံး စင်ကာပူနိုင်ငံခရီးစဉ်ဖြစ်သည်။ အဆိုပါ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် International Enterprise Singapore Global Conversations နှင့်ပတ်သက်၍ မှတ်ချက်ပြုစကားဆိုခဲ့ပြီး စင်ကာပူနိုင်ငံအစိုးရ၏ စီးပွားရေးမြှင့်တင်ရေးအေဂျင်စီတစ်ခုဖြစ်သည့် IE Singapore အဖွဲ့နှင့်လည်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆယ်မိနစ်ကြာပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အထူးသဖြင့် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး နှင့် အကျိုးစီးပွားသည် ခွဲခြား၍ မရနိုင်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

“ တိုင်းပြည်မတည်မငြိမ်ဖြစ်နေမှာကို ကျွန်မတို့မလိုလားပါဘူး။ ဒါပေမယ့် နိုင်ငံမှာ စည်းလုံးညီညွတ်မှုပျက်ပြားခဲ့တဲ့ သမိုင်းကြောင်းက ကာလရှည်ရှိနေခဲ့ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးက ရှောင်လွှဲလို့မရတဲ့ ကျွန်မတို့အတွက် အရေးကြီးကိစ္စရပ်တွေပါ။ ဒါဟာ ရွေးချယ်ရမယ့် ကိစ္စမဟုတ်ပါဘူး” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။

“ ငြိမ်းချမ်းရေး နဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးရအောင် စွမ်းဆောင်ရမယ်။ ဒါမှ ကျွန်မတို့နိုင်ငံဟာ ရှေ့ဆက်သွားနိုင်မှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအစိုးရ၏ ရင်းနှီးမြှုပ်နံှမှုဥပဒေသစ် နှင့် စီးပွားရေးမူဝါဒများတွင် ပို့ဆောင်ရေး ၊ စွမ်းအင် ၊ ဝန်ဆောင်မှုကဏ္ဍများ ၊ စက်ရုံများ ၊ ဆေးရုံဆေးခန်း များ နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် စင်ကာပူနိုင်ငံကုမ္ပဏီများမှ အယူအဆများ ဖလှယ်ထားကြောင်း ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်သည် စီးပွားရေးဆိုင်ရာ ရင်းနှီးချစ်ကြည်မှုကို ရည်ရွယ်ရှေ့ရှုထားကြောင်း နှင့် ရင်းနှီးမြှုပ်နှံသူများ မြင်တွေလိုသော လုံခြုံမှုအပိုင်းကို စီမံဆောင်ရွက်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာအစိုးရအနေဖြင့် နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများအပေါ် ဝေဖန်အကြံပြုချက်များကို တံခါးဖွင့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံဝန်ကြီးချုပ်ဟောင်း လီကွမ်ယု သည် နှစ်ပေါင်း ၂ဝ အတွင်း မြန်မာနိုင်ငံကို စင်ကာပူနိုင်ငံက အမီလိုက်နိုင်ရမည်ဟု တစ်ချိန်က ပြောဆိုခဲ့ဖူးသည်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောင်းပြောဆိုခဲ့သည်။

“ စင်ကာပူနိုင်ငံကို ကျော်တက်နိုင်အောင် နှစ်ပေါင်း ၂ဝ အတွင်း ကျွန်မတို့ပြောင်းလဲဖို့လိုမယ်လို့ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ထိုသို့လုပ်ဆောင်ရန် စင်ကာပူနိုင်ငံက မြန်မာနိုင်ငံကို ကူညီပေးရန် မျှော်လင့်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းနေ့နှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှု နှင့် အခွန် နှစ်ထပ်ကောက်ခံခြင်းကို ရှောင်လွှဲမည့် သဘောတူညီမှု ပြင်ဆင်ချက်အသစ်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့သည် ၁၉၆၆ ခုနှစ်တွင် သံတမန်ဆက်ဆံရေး စတင်တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံသည် တရုတ်နိုင်ငံနောက် ဒုတိယရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအထိ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅.၅၉၆ ဘီလီယံရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.