Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ မလေးရှားနိုင်ငံသားများအား ထွက်ခွာခွင့် ယာယီ ပိတ်ပင်

မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံရုံးအား လုံခြုံရေး စည်းတားထားစဉ် (ဓာတ်ပုံ-အင်တာနက်)

ပြုံယမ်း၊ မတ် ၇ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံအတွင်းရှိ မြောက်ကိုရီးယား သံတမန်နှင့် နိုင်ငံသားများ ဘေးကင်း လုံခြုံမှု အပြည့်အဝ မရမချင်း မလေးရှား နိုင်ငံသားအားလုံးကို ပြည်တွင်းမှ ထွက်ခွာခွင့် ယာယီ ပိတ်ပင်လိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်း သတင်း အေဂျင်စီ KCNA က မတ်လ ၇ ရက်တွင် သတင်း တင်ပြထားသည်။

ယင်း ကြေညာချက်အား မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန သံတမန်ဋ္ဌာနမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မလေးရှား သံရုံးထံသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနနှင့် မလေးရှား သံရုံးတို့က မလေးရှားနိုင်ငံအတွင်း မြောက်ကိုရီးယား နိုင်ငံသား အသတ်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်နိုင်မည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက မျှော်လင့်ကြောင်း ကြေညာချက်ထဲ၌ ဖော်ပြထားသည်။

“နှစ်နိုင်ငံ တည်ရှိပြီးသား ဆက်ဆံရေးအား ထိန်းသိမ်းထားသည့် နာမည်ကောင်း ရှိနေသည့် အနေအထား” မှ ယခု ကိစ္စအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်မည်ဟု မျှော်လင့်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

မလေးရှား နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး ကန်ချွဲအား “လက်မခံသင့်သော ပုဂ္ဂိုလ်” အဖြစ် သုံးနှုန်းထားကာ ၄၈ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် မလေးရှားနိုင်ငံက ကြေညာလိုက်ပြီးနောက် ယခုလို မြောက်ကိုရီးယားနိုင်ငံ၏ ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မတ်လ ၆ ရက်မှ စတင်ကာ မြောက်ကိုရီးယား နိုင်ငံသားများအား မလေးရှားနိုင်ငံ ပြည်ဝင်ခွင့် ကင်းလွတ်ခွင့် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ကင်ချွဲဟု သိရှိရသည့် မြောက်ကိုရီးယား နိုင်ငံသား တစ်ဦးသည် ဖေဖော်ဝါရီလ ၁၃ ရက်က ကွာလာလမ်ပူ လေဆိပ် Terminal 2 ၌ လုပ်ကြံခံခဲ့ရပြီး လေဆိပ် ဝန်ထမ်းများ၏ အကူအညီဖြင့် ဆေးရုံသို့ သွားရာလမ်းတွင် သေဆုံးမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ အမျိုးသား သေဆုံးရခြင်းမှာ မလေးရှားနိုင်ငံအတွင်း သုံးစွဲရန် တားမြစ်ထားသည့် VX အဆိပ်ဓာတ်ငွေ့ကြောင့် ဖြစ်ကြောင်း၊ ၎င်း၏ ရုပ်အလောင်းအား မြောက်ကိုရီးယား နိုင်ငံသို့ ဖြစ်နိုင်သမျှ မြန်မြန် လွှဲပြောင်းပေးရန် မြောက်ကိုရီးယားက အဆင့်မြင့် ကိုယ်စာလှယ် တစ်ဖွဲ့ စေလွှတ်ကာ ဆွေးနွေး တောင်းဆိုသော်လည်း မလေးရှား အစိုးရက ငြင်းပယ်လိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.