Connect with us

Asia

မလေးရှားက နိုင်ငံအတွင်းရှိ မြောက်ကိုရီးယားနိုင်ငံသားများအား ပြည်ပထွက်ခွင့်ပိတ်ပင်

မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇက် အားတွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ မတ် ၇ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇက် က နိုင်ငံအတွင်းရှိ မြောက်ကိုရီးယားနိုင်ငံသားအားလုံးကို မလေးရှားနိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်သွားရန် ရဲတပ်ဖွဲ့အား ညွှန်ကြားထားကြောင်း မတ် ၇ရက်ကပြောကြားခဲ့ပြီး ယင်းညွှန်ကြားချက်သည် မြောက်ကိုရီးယားက အလားတူပိတ်ပင်မှုမျိုး ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်က ထပ်မံဖြစ်ပေါ်လာနိုင်သော မည်သည့်တင်းမာမှုမျိုးကိုမဆို လျှော့ချရန်အတွက် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်းနိုင်ငံအတွင်းရှိ မလေးရှားနိုင်ငံသားအားလုံးကို ချက်ချင်း ထွက်ခွာခွင့်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ပြည်ပထွက်ခွာခွင့်ပိတ်ဆို့ထားမှု သည် လူသားမဆန်သောလုပ်ရပ်တစ်ခုဖြစ်ပြီး မလေးရှားနိုင်ငံသားများကို ဓါးစာခံအဖြစ် ရည်ရွယ်ချက်ရှိရှိ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း နှင့် ယင်းလုပ်ရပ်သည် နိုင်ငံတကာဥပဒေများအားလုံး နှင့် သံတမန်စံနှုန်းများကို ဥပေက္ခာပြုခြင်းပင်ဖြစ်ကြောင်း နာဂျစ်ကပြောကြားခဲ့သည်။

နာဂျစ်က မလေးရှားနိုင်ငံသားများကို အကာအကွယ်ပေးခြင်းသည် ၎င်း၏ပထမဦးစားပေးဖြစ်ကြောင်း၊ နိုင်ငံသားများအား တစ်စုံတစ်ရာခြိမ်းခြောက်မှုများရှိလာပါက မလေးရှားနိုင်ငံအနေဖြင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများအား ပြုလုပ်သွားရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း နှင့် မြောက်ကိုရီးယားနိုင်ငံ အတွင်းရှိ မလေးရှားနိုင်ငံသားများ၏ လုံခြုံရေးယုံကြည်စိတ်ချရသည့် အခြေအနေရောက်သည်အထိ မလေးရှားနိုင်ငံအတွင်းမှ မြောက်ကိုရီးယားနိုင်ငံသားများ၏ ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်ထားရန် ရဲတပ်ဖွဲ့အား ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံသားသေဆုံးမှုအား စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ သံအမတ်များအား အပြန်အလှန် ထုတ်ပယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.