Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ မာလာဝီ မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် သေဆုံးသူ ပေါင်း ၁၀၀ ကျော် ရှိလာ

မေလ ၂၇ ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံ Mindanao ကျွန်း တွင် ဆောင်ရွက်ခဲ့သည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု တစ်ခု ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ မေ ၃၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ အစိုးရတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Restituto Padilla က မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အစိုးရတပ်ဖွဲ့ နှင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ တို့အကြား မာလာဝီ မြို့၌ ဖြစ်ပွားခဲ့သော ပြင်းထန်သည့် တိုက်ပွဲကြောင့် သေဆုံးခဲ့သူပေါင်း ၁၀၀ ကျော်ခဲ့ပြီး အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ဝင် လက်ကျန်များ အနေဖြင့် အမြန်ဆုံး လက်နက်ချရန် ပြောကြား ခဲ့သည်။

Padilla က မာလာဝီ မြို့တွင် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ သည် အချိန် တစ်ပတ်ခန့်ကြာမြင့် ခဲ့ပြီးဖြစ်ကာ မေလ ၂၉ ရက်နေ့ ညပိုင်း အချိန်အထိ သေဆုံးသူ ပေါင်း ၁၀၄ ဦးရှိခဲ့ပြီး ၎င်းတို့တွင် အစိုးရ တပ်ဖွဲ့ဝင် နှင့် ရဲဝန်ထမ်း ၂၀ ဦး ၊ အရပ်သား ၁၉ ဦး နှင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့မှ ၆၅ ဦး တို့ ပါဝင် ကြောင်း ၊ ထို့ပြင် အစိုးရတပ်ဖွဲ့ဝင် နှင့် ရဲဝန်ထမ်း စုစုပေါင်း ၇၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Padilla က အစိုးရ တပ်ဖွဲ့ အနေဖြင့် မာလာဝီ မြို့တွင် ကျန်ရှိနေသည့် Maute လက်နက်ကိုင် အဖွဲ့အစည်း ကို ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ပြီး ပိုမိုများပြားသည့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု မဖြစ်ပွားစေရန် ကျန်ရှိနေသည့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် သမား တို့အား အစိုးရ ထံ အမြန်ဆုံး လက်နက်ချရန် တိုက်တွန်းကြောင်း ၊ အစိုးရတပ်ဖွဲ့အနေဖြင့် မာလာဝီ မြို့အတွင်း ပိတ်မိနေသော ပြည်သူလူထု များကို ကယ်ထုတ်ရန် အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့သည် မေလ ၂၃ ရက်နေ့တွင် စုံစမ်းရရှိသည့် သတင်းအရ မာလာဝီ မြို့တွင် Maute အဖွဲ့အစည်း နှင့် Abu Sayyaf လက်နက်ကိုင် အဖွဲ့ဝင် တို့ကို သွားရောက် ရှာဖွေဖမ်းစီး စဉ် အတွင်း နှစ်ဘက်မှ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး မှ တိုက်ပွဲစတင်ဖြစ်ပွား သည့် နေ့မှ စတင်၍ Mindanao ကျွန်း ဒေသများတွင် စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၆၀ ကို ကြေညာခဲ့သည်။

Abu Sayyaf လက်နက်ကိုင် အဖွဲ့အစည်း သည် ၁၉၉၀ ခုနှစ် မှ စတင်၍ တည်ထောင် ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းတွင် တိုက်ခိုက်မှု များ နှင့် အနုကြမ်းစီးမှု များကို များစွာ ဆောင်ရွက်ခဲ့သည်။ Maute အဖွဲ့အစည်း သည် Mindanao ကျွန်း တွင် လှုပ်ရှားနေသည့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ဗုံးခွဲ တိုက်ခိုက်မှု နှင့် အနုကြမ်းစီးမှု များစွာ ကို ဆောင်ရွက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.