Connect with us

Asia

တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ မှ တာဝန်ယူ တည်ဆောက်မည့် သီရိလင်္ကာ လေယာဉ်ကွင်း တိုးချဲ့မှု စီမံကိန်း စတင်

သီရိလင်္ကာ နိုင်ငံ ၏ Bandaranaike အပြည်ပြည်ဆိုင်ရာ လေဆိပ် အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ မှ တာဝန်ယူ တည်ဆောက်မည့် သီရိလင်္ကာ နိုင်ငံ ၏ Bandaranaike အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့တည်ဆောက်မှု စီမံကိန်း ကို တရားဝင် စတင်ခဲ့ပြီး တိုးချဲ့တည်ဆောက်မှု ကာလ ၃ လအတွင်း နေ့ပိုင်းတွင် လေဆိပ်အား ပိတ်ထားမည် ဖြစ်ပြီး ညပိုင်းမှ သာဖွင့်လှစ်မည့် အထူးအခြေအနေထားရှိမည် ဖြစ်ကြောင်း သိရှိရသည်။ ယခု ဆောင်ရွက်မှု သည် လေဆိပ် တည်ဆောက်ပြီး နှစ်၃၀ ကာလအတွင်း ပထမ ဦးဆုံး တိုးချဲ့တည်ဆောက်မှု ဖြစ်ကြောင်း သိရှိရသည်။

စီမံကိန်း တည်ဆောက်မည့် တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ လေကြောင်း အင်ဂျင်နီယာ ကုမ္ပဏီ လက်ထောက် အထွေထွေ မန်နေဂျာ လျိုဟုန်ကွမ်း ၏ ပြောကြားချက်အရ သီရိလင်္ကာ နိုင်ငံ ၏ Bandaranaike အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် နှစ်စဉ် ခရီးသည် ၉ သန်းကို ဝန်ဆောင်မှု ပေးခဲ့ပြီး လက်ရှိ လေဆိပ်၏ အတိုင်းအတာ နှင့် လေယာဉ် ပြေးလမ်းကြောင်း တို့သည် တစ်နေ့တစ်ခြား တိုးပွားလာသည့် ခရီးသွား များ၏ လိုအပ်ချက်ကို မဖြည့်ဆည်း နိုင်တော့ကြောင်း ၊ လေဆိပ် တိုးချဲ့သည့် စီမံကိန်း မှ တစ်ဆင့် သီရိလင်္ကာ နိုင်ငံ ၏ လေကြောင်း ဆိုင်ရာ အခြေခံ အဆောက်အအုံ အဆင့်အတန်း ကို မြှင့်တင် နိုင်မည် ဖြစ်ပြီး လေကြောင်း ပို့ဆောင်ရေး နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ မြှင့်တင် သွားနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

စီမံကိန်း ကာလသည် အား ဇန်နဝါရီလ ၆ ရက်နေ့ မှ ဧပြီလ ၆ ရက်နေ့ အထိ သတ်မှတ်ထားပြီး Bandaranaike အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ လေကြောင်းလိုင်းအားလုံးကို ညပိုင်းတွင် လုပ်ငန်း လည်ပတ်ရန် သတ်မှတ်သွားမည်ဖြစ်ကြောင်း ၊ လေကြောင်းလိုင်းများ စုဝေးရောက်ရှိကာ လေဆိပ် လုပ်ငန်း ပိတ်ဆို့မှုဖြစ်ပွားခြင်း ကို တားဆီး ရန်အတွက် လေဆိပ် နှင့် လေကြောင်းလိုင်းများက ခရီးသည် များအား လေယာဉ် မထွက်ခွာမီ ၅ နာရီအလိုတွင် လေဆိပ် စာရင်းသွင်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် ကြေညာ ထားကြောင်း သိရှိရသည်။

Bandaranaike အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် သီရိလင်္ကာ နိုင်ငံ ၏ မြို့တော် ကိုလံဘို နှင့် ၃၅ ကီလိုမီတာ ကွာဝေးသည့် Katunayake တွင် တည်ရှိပြီး သီရိလင်္ကာ နိုင်ငံ ၏ အရေးပါသော အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.