Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၃၈ ဦး အထိ မြင့်တက်လာ

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ်၏ မြင်ကွင်းများအား ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီ(South Sulawesi)ပြည်နယ်  Kabupaten Luwu Utaraခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူပေါင်း ၃၈ ဦး သေဆုံးခဲ့ကြောင်း ယင်းပြည်နယ် ရှာဖွေကယ်ဆယ်ရေးရုံးပြောရေးဆိုခွင့်ရှိသူ Hamsidarက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

၇ ရက်ကြာရှာဖွေကယ်ဆယ်မှုများသည် ဇူလိုင် ၁၉ ရက်တွင် ပြီးဆုံးခဲ့သော်လည်း သေဆုံးသူများ၏ ရုပ်လောင်းကို ထပ်မံတွေ့ရှိနိုင်သောကြောင့် ရှာဖွေကယ်ဆယ်မှုများကို ၃ ရက်ကြာ ထပ်တိုးထားကြောင်း Hamsidarက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ်၏ မြင်ကွင်းများအား ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ်၏ မြင်ကွင်းများအား ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တောင်ဆူလာဝေဆီပြည်နယ်  Kabupaten Luwu Utaraခရိုင်တွင် ဇူလိုင် ၁၃ ရက်က မြစ်ရေလျှံမှုကြောင့် စာသင်ကျောင်း ၉ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၁၃ ခု၊ ဆေးရုံဆေးခန်း ၃ ခု နှင့် အစိုးရအဆောက်အဦ ၈ ခု ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသား ကပ်ဘေးတိုက်ဖျက်ရေးဌာန အရာရှိတစ်ဦးက ဇူလိုင် ၁၉ ရက် ဗွီဒီယို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ရေကြီးရေလျှံမှုကြောင့် ၁၃ ကီလိုမီတာအကွာအဝေးရှိ လမ်းများနှင့်တံတား ၉ စင်း၊ ရေကာတာ ၂ ခု ပျက်စီးခဲ့ကြောင်း သိရသည်။ 

ရေဘေးကြောင့် လူ ၄၀ ဦး ပျောက်ဆုံးလျက်ရှိသလို မိသားစုပေါင်း ၃,၆၂၇ စု၊ လူပေါင်း ၁၄,၅၀၀ ဘေးဒဏ်သင့်ခဲ့ကြောင်း သိရသည်။ 

Kabupaten Luwu Utaraခရိုင်ကို ဇူလိုင် ၁၄ ရက်တွင် အရေးပေါ်ကာလရက် ၃၀ အဖြစ် သတ်မှတ်ခဲ့သည်။ လမ်းတံတားများ ရွှံ့နွံများ နစ်မြုပ်နေမှုကြောင့် ယင်းခရိုင်သို့သွားရာ လမ်းကြောင်းများ ပြတ်တောက်လျက်ရှိရာ စက်ယန္တရားများဖြင့် ရှင်းလင်းလျက်ရှိပြီး အဖွဲ့ဝင် ၅၀၀ ပါဝင်သည့် ပူးတွဲရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ပျောက်ဆုံးနေသူများကို အားသွန်ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117