Connect with us

Asia

ဒေလီ လေဆိပ်တွင် ရေဒီယို သတ္တိကြွ ယိုစိမ့်မှုဖြစ်ပွားကြောင်း သံသယရှိ

ဒေလီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းပိုင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီ အင်ဒရီနာ ဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ကုန်ပစ္စည်းသိုလှောင်ရာ နေရာ၌ အောက်တိုဘာလ ၉ ရက် ရေဒီယို သတ္တိကြွပစ္စည်း ယိုစိမ့်မှု တစ်ရပ် ဖြစ်ပွားကြောင်း မီးသတ် အရာရှိများက ပြောကြားခဲ့သည်။

အဆိုပါ ယိုစိမ့်မှုနှင့် ပတ်သက်၍ သေဆုံး ဒဏ်ရာရကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း၊ ကုန်ပစ္စည်း တင်ဆောင်ရာဂိတ် T3 အား ရွှေ့ပြောင်းထားပြီး ဖြစ်ကြောင်းနှင့် အခြေအနေအား ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။တာဝန်ရှိသူများ အဆိုအရ အဆိုပါ ဓာတ်သတ္တု ယိုစိမ့်မှုသည် ရေဒီယို သတ္တိကြွ ပစ္စည်းအချို့ ပါဝင်သည့် အထုပ်တစ်ထုပ်အတွင်းမှ ဖြစ်နိုင်ကြောင်းနှင့် တရားဝင် အတည်မပြုရသေးကြောင်း သိရသည်။အိန္ဒိယ အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု အာဏာပိုင်နှင့် အဏုမြူ စွမ်းအင်ဆိုင်ရာ သိပ္ပံပညာရှင်များ ပါဝင်သည့် အဖွဲ့က အခင်းဖြစ်ပွားရာသို့ သွားလျက်ရှိကြောင်း သိရသည်။ဒေလီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အလားတူ ရေဒီယို သတ္တိကြွပစ္စည်း ယိုစိမ့်မှု ဖြစ်ပွားသည်ဟု မှားယွင်း သတိပေးချက်တစ်ခု ပြီးခဲ့သည့်နှစ် မေလက ဖြစ်ပွားခဲ့သေးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.