Connect with us

Asia

အိန္ဒိယနိုင်ငံ မြို့တော်အား တိုက်ခိုက်ရန် စီစဉ်မှုဖြင့် အမျိုးသား ၄ ဦး ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ အခြေခံဥပဒေပြဋ္ဌာန်းသည့်နေ့ စစ်ရေးပြ အခမ်းအနား မြင်ကွင်း (အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အိုင်အက်စ်များနှင့် ချိတ်ဆက်မှုရှိပြီး အိန္ဒိယနိုင်ငံမြို့တော်အား တိုက်ခိုက်ရန် စီစဉ်သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသား ၄ ဦးအား ဖမ်းဆီးထားကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၁ ရက်၌ ပြောကြားလိုက်သည်။

ဒေလီ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၀ ရက်မှာ အဆိုပါ လူငယ် ၄ ဦးကို နိုင်ငံမြောက်ပိုင်းရှိ အတ်ထရာခန် ပြည်နယ် က ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့အား နယူးဒေလီသို့ ခေါ်ဆောင်လာခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိက ပြောသည်။

“ဖမ်းဆီးခံခဲ့ရတဲ့ အချိန်က သံသယရှိသူ ၄ ဦးလုံးဟာ အိုင်အက်စ် အကြောင်း ဝါဒဖြန့်ချိရေး အသုံးအဆောင် များနဲ့ ဗုံးပြုလုပ်နည်းတွေကို ဖတ်နေကြတယ်” ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ သမ္မတ ဖရန်ဆွာ အော်လန်ဒီသည် ဇန်နဝါရီ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည့် အခြေခံ ဥပဒေ ပြဋ္ဌာန်းသည့်နေ့သို့ အထူးဧည့်သည်တော် အဖြစ် တက်ရောက်ရန် ရှိသဖြင့် မြို့တော် နယူးဒေလီတွင် လုံ ခြုံရေးအဆင့် အမြင့်ဆုံးသတ်မှတ်ထားခဲ့သည်။

ထောက်လှမ်းရေး အေဂျင်စီများကလည်း ပြင်သစ် သမ္မတ တက်ရောက်မည့် အခြေခံ ဥပဒေ ပြဋ္ဌာန်းသည့်နေ့ အခမ်းအနားအား အိုင်အက်စ်တို့က ပစ်မှတ်ထားနိုင်ကြောင်း သတိပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.