Connect with us

Asia

အိန္ဒိယ နိုင်ငံ တွင် ခရီးသည်တင် သင်္ဘော တစ်စင်း တိမ်းမှောက်နစ်မြုပ် ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၄ ဦး သေဆုံး

သင်္ဘော တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သည့် Andhra ပြည်နယ် Vijayawada ဒေသ ရှိ Krishna မြစ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

နယူးဒေလီ ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ တွင် ခရီးသည်တင် သင်္ဘော တစ်စင်း သည် နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်း အချိန်က Andhra ပြည်နယ် Vijayawada ဒေသ ရှိ Krishna မြစ်အတွင်း တိမ်းမှောက် ခဲ့သဖြင့် လူ အနည်းဆုံး ၁၄ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ သင်္ဘော တိမ်းမှောက်မှု သည် ဒေသစံတော်ချိန် ၁၂ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ် ခန့်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်ပွား ရသည့် အကြောင်းရင်း မှာ သင်္ဘော ကွေ့စဉ် အတွင်း အရာဝတ္ထု တစ်ခုခု နှင့် တိုက်မိ၍ တိမ်းမှောက် ခဲ့ခြင်း ဖြစ်ကြောင်း ရေးသား ဖော်ပြ ခဲ့ကြသည်။

Andhra ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က လက်ရှိချိန်တွင် လူပေါင်း ၂၀ ကို ကယ်တင် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ကယ်တင် ခံခဲ့ရသည့် ခရီးသည် တစ်ဦး က အခင်းဖြစ်ပွား ချိန်မှာ သင်္ဘော က ဆိပ်ကမ်း ရောက်တော့မည့် အချိန်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွား စဉ် သင်္ဘော ပေါ်တွင် ခရီးသည် ၃၈ ဦး လိုက်ပါခဲ့ကာ အသက်ကယ် အင်္ကျ ီ များ ဝတ်ဆင် ခဲ့ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြား ချက်အရ အခင်းဖြစ်ပွား ခဲ့သည့် သင်္ဘော သည် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု မှ ပိုင်ဆိုင်သည့် သင်္ဘော တစ်စင်း ဖြစ်ပြီး လုပ်ငန်း လိုင်စင် လျှောက်ထားခြင်း မရှိကြောင်း သိရှိခဲ့ရသည်။

သတင်းဖော်ပြချက်များ အရ ဒေသတွင်း အစိုးရ က လူပေါင်း ၁၀၀ ကျော် ကို ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် စေလွှတ် ခဲ့ပြီး အခင်းဖြစ်ပွား ရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်း စေခဲ့ကြောင်း သိရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.